Main menu

မင်းလှစပါး/ဆန်ဈေးကွက်အခြေအနေ

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ စပါးဈေးနှုန်းမှာ ပြီးခဲ့သည့် ဩဂုတ်လ၊ ဒုတိယအပတ်တွင် မိုးစပါး (၄၆)ပေါင်ပါ စပါးတင်း(၁၀၀)လျှင် (၁၈၄၀၀၀၀) ကျပ်အောက်သို့ရောက်ရှိခဲ့ရာမှ ဩဂုတ်လ တတိယပတ်တွင် ၄၆ပေါင်ပါတင်း (၁၀၀)လျှင် (၂၀၂၄၀၀၀)ကျပ်ရှိခဲ့ပြီး  စပါးဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လာခဲ့ကာ အရောင်းအဝယ်ရှိကြောင်း စပါးကုန်သည်တစ်ဦးထံမှသိရှိရပါသည်။

          မင်းလှမြို့နယ်ရှိဆန်ဈေးနှုန်းများမှာ မနောသုခဟောင်းတစ်အိတ်လျှင်  (၈၅၀၀၀)ကျပ်၊ ရတနာတိုးတစ်အိတ်လျှင် (၉၅၀၀၀)ကျပ်၊ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် (၁၆၅၀၀၀)ကျပ်၊ ဆင်း/ မနောသုခအသစ်တစ်အိတ်လျှင် (၇၂၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)