ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုလိုအပ်ကြောင်း ဝန်ကြီးချုပ်ဟွန်မာနက်ပြောကြား

Powered by Drupal

       ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအတွက်   အလားအလာရှိသောနယ်ပယ်များကို မီးမောင်းထိုးပြပြီး တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုလိုအပ်လျက်ရှိကြောင်း ဝန်ကြီးချုပ် ဟွန်မာနက် ကသြဂုတ်လ ၂၀ရက်နေ့တွင်ပြောကြားခဲ့သည်။

         ကုမ္ပဏီ ၁၂ခုပါဝင်သော တရုတ်စီးပွားရေးကိုယ်စားလှယ်အဖွဲ့နှင့် ဖနွမ်းပင်မြို့တွင် တွေ့ဆုံစဉ် မစ္စတာဟွန်မာနက်က တရုတ်ရင်းနှီးမြှုပ်နှံသူများ၏စိတ်ဝင်စားမှုကို ကြိုဆိုခဲ့ကြောင်း ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

         ကမ္ဘောဒီးယားနိုင်ငံသည် သန့်ရှင်းသောစွမ်းအင်၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့်ဘဏ္ဏာရေးကဏ္ဍတို့တွင် ဦးစားပေးရင်းနှီးမြှုပ်မှုများပြုလုပ်ထားကြောင်း ၎င်းကပြောသည်။

        ကမ္ဘောဒီးယား၏ရင်းနှီးမြှုပ်နှံမှုအလားအလာများကို နက်ရှိုင်းစွာထိုးထွင်းသိမြင်နိုင်စေရန်၊ အထူးသဖြင့်ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) နှင့်သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်ဆွေးနွေးရန် တရုတ်ကိုယ်စားလှယ်အဖွဲ့အားတိုက်တွန်းခဲ့သည်။

          တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံးရင်းနှီးမြှုပ်နှံသူနှင့် ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။

        ကမ္ဘောဒီးယား ၂၁ရာစုပငိလယ်ရေကြောင်းပိုးလမ်းမ သုတေသနစင်တာမှ ဒါရိုက်တာ Neak Chandarith က တရုတ်ရန်ပုံငွေဖြင့် လုပ်ငန်းများသည် ကမ္ဘောဒီးယားနိုင်ငံ၏စီးပွားရေးကိုမြှင့်တင်ရန်နှင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကြောင်းမှုမြှင့်တင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ခဲ့ကြောင်းပြောကြားခဲ့သည်။

         Belt and Road Initiative (BRI) ကြီးမားသောတရုတ်ရင်းနှီးမြှုပ်နှံမှုပရောဂျက်များဖြစ်သည့် Sihanoukville အထူစီးပွားရေးဇုန်၊ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ Phnom Penh – Sihanoukville အမြန်လမ်း၊ Sien Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လမ်းများ၊ တံတားများကဲ့သို့သော နိုင်ငံတော်၏စီးပွားရေးကိုပံ့ပိုးရာတွင် အရေးပါသောအခန်းကဏ္ဍများမှ ပါဝင်သွားမည်ဖြစ်ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

       BRI ပရောဂျက်များသည် ၂၀၃၀ခုနှစ်တွင် ဝင်ငွေအလယ်အလတ်ရှိသော နိင်ငံဖြစ်လာရန်နှင့် ၂၀၅၀ခုနှစ်တွင် ဝင်ငွေမြင့်မားသောနိုင်ငံဖြစ်လာရန်ဟူသော ကမ္ဘောဒီးယားနိုင်ငံ၏ ရည်မှန်းချက်များကိုအကောင်အထည်ဖော်ရန် အကူအညီပေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန်မာနက်ကပြောကြားခဲ့သည်။

Source: khmertimes

 

DOCA(ရန်ကုန်)