![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၃၁၉.jpg?itok=uyp1iFZ0)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး နှင့် ဖရဲသီးများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရသည်။
သခွားမွှေးသီး၏ ကျန်းမာရေးအကျိုးအာနိသင်များဖြစ်သည့် သွေးတွင်းသကြားဓာတ်ကိုထိန်းပေးနိုင်ခြင်း၊ ခန္ဓာကိုယ်အတွင်းမှ ဟော်မုန်းဓာတ်တွေကိုထိန်းပေးနိုင်ခြင်း၊ အမြင်အာရုံအတွက် အထူးကောင်းမွန်စေခြင်း၊ ခုခံအားတိုးစေခြင်း၊ စိတ်ဖိစည်းမှုတွေကိုလျော့ကျရန်ကူညီနိုင်ခြင်း၊ ရေဓာတ်ပြည့်ဝစေခြင်း၊ အိုမင်းရင့်ရော်ခြင်းကိုနှေးစေခြင်း၊ သွေးဖိအားကိုကျစေခြင်း၊ ကင်ဆာဆဲလ်များကြီးထွားခြင်းကိုတိုက်ဖျက်ပေးနိုင်ခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံးရှိ အဆိပ်အတောက်တို့ကိုဖယ်ရှားဖို့ကူညီနိုင်ခြင်း၊ ဝိတ်ကျဖို့အတွက် အထောက်အကူဖြစ်စေခြင်း၊ ဦးနှောက်၏လုပ်ဆောင်ခြင်းတွေကို တိုးတက်စေခြင်းနှင့် အစာခြေစနစ်ကိုကူညီပေးခြင်း စသည့်အကျိုးအာနိသင်များရှိသည့်အတွက် သခွားမွှေးသီးကို စားသုံးသင့်ကြောင်းသိရှိရပါသည်။
၂၀၂၄ခုနှစ်၊ ယခုဩဂုတ်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ သခွားမွှေးသီးဈေးနှုန်းများမှာ (၁)လုံးလျှင် (၄၀၀၀)ကျပ်ဖြစ်ပြီး ယခင်ဩဂုတ်လ တတိယပတ်တွင် သခွားမွှေးသီး၏ဈေးနှုန်းများမှာ (၁)လုံးလျှင်(၃၀၀၀/၃၅၀၀)ကျပ်ဖြစ်သည့်အတွက် ဩဂုတ်လ နောက်ဆုံးပတ်တွင် သခွားမွှေးသီးဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ဘုရားကြီးဈေးဆိုင်တန်းတွင် သစ်သီးမျိုးစုံရောင်းချနေသော ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)