Main menu

ကန့်ဘလူမြို့ ဘုရားကြီးဈေးဆိုင်တန်း၌ ဖြစ်ပေါ်နေသော သခွားမွှေးသီးဈေးနှုန်းနှင့် ကျန်းမာရေးအကျိုးအာနိသင်များ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး နှင့် ဖရဲသီးများကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရသည်။

      သခွားမွှေးသီး၏ ကျန်းမာရေးအကျိုးအာနိသင်များဖြစ်သည့် သွေးတွင်းသကြားဓာတ်ကိုထိန်းပေးနိုင်ခြင်း၊ ခန္ဓာကိုယ်အတွင်းမှ ဟော်မုန်းဓာတ်တွေကိုထိန်းပေးနိုင်ခြင်း၊ အမြင်အာရုံအတွက် အထူးကောင်းမွန်စေခြင်း၊ ခုခံအားတိုးစေခြင်း၊ စိတ်ဖိစည်းမှုတွေကိုလျော့ကျရန်ကူညီနိုင်ခြင်း၊ ရေဓာတ်ပြည့်ဝစေခြင်း၊ အိုမင်းရင့်ရော်ခြင်းကိုနှေးစေခြင်း၊ သွေးဖိအားကိုကျစေခြင်း၊ ကင်ဆာဆဲလ်များကြီးထွားခြင်းကိုတိုက်ဖျက်ပေးနိုင်ခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံးရှိ အဆိပ်အတောက်တို့ကိုဖယ်ရှားဖို့ကူညီနိုင်ခြင်း၊ ဝိတ်ကျဖို့အတွက် အထောက်အကူဖြစ်စေခြင်း၊ ဦးနှောက်၏လုပ်ဆောင်ခြင်းတွေကို တိုးတက်စေခြင်းနှင့် အစာခြေစနစ်ကိုကူညီပေးခြင်း စသည့်အကျိုးအာနိသင်များရှိသည့်အတွက် သခွားမွှေးသီးကို စားသုံးသင့်ကြောင်းသိရှိရပါသည်။

         ၂၀၂၄ခုနှစ်၊ ယခုဩဂုတ်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ သခွားမွှေးသီးဈေးနှုန်းများမှာ (၁)လုံးလျှင် (၄၀၀၀)ကျပ်ဖြစ်ပြီး ယခင်ဩဂုတ်လ တတိယပတ်တွင် သခွားမွှေးသီး၏ဈေးနှုန်းများမှာ (၁)လုံးလျှင်(၃၀၀၀/၃၅၀၀)ကျပ်ဖြစ်သည့်အတွက် ဩဂုတ်လ နောက်ဆုံးပတ်တွင် သခွားမွှေးသီးဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ဘုရားကြီးဈေးဆိုင်တန်းတွင် သစ်သီးမျိုးစုံရောင်းချနေသော ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)