Main menu

မုံရွာမြို့နယ်တွင် တိုင်ထောင်ပဲစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သစ်စိမ့်၊ ဘုံတို၊ ညောင်ဖြူပင် ကျေးရွာတွင် တိုင်ထောင်ပဲများ စိုက်ပျိုးထားရှိကြောင်း၊ တိုင်ထောင်ပဲကို ဇွန်လတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး ၂ လခွဲအကြာ စက်တင်ဘာလတွင် ပဲသီးများကို ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် မြှားနီမျိုးများကို စိုက်ပျိုးကြပြီး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၈ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တိုင်ထောင်ပဲသီးများ စတင်ခူးဆွတ်ချိန်တွင် အတောင့်ရေ ၇၅၀၀-၈၅၀၀ ခန့် ခူးဆွတ်ရရှိကာ တစ်ရက်ခြားတစ်ခါ ခူးဆွတ် ရပြီး ပဲသီးများကို နှစ်လခန့် ခူးဆွတ်ရောင်းချရကြောင်း၊  ဈေးနှုန်းအနေဖြင့် လက်ကားဈေး ပဲအတောင့် (၁၀) တောင့်ပါ တစ်စီးလျှင် (၈၀၀)ကျပ်၊ အတောင့် (၁၀၀)ပါ တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀ ဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ပဲတောင့် အထွက်နှုန်း နှင့် ဈေးနှုန်းအတက်အကျ အပေါ်မူ တည်၍  ငွေကျပ် ၁၆ သိန်းခန့်  အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက် အနေဖြင့် တိုင်ထောင် ပဲသီးများကို ကုန်စိမ်းပွဲစားများက မုံရွာမမြို့ပေါ်ရှိ ကုန်စိမ်းဈေးသည်များသို့ တင်ပို့ ရောင်းချကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)