ဧရာအနောက်မြို့တော်မှထွက်ရှိသော ဂဠုန်မင်းချည်ထည်စောင်အမျိုးမျိုး

Powered by Drupal

      မကွေးတိုင်ဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်သည် ချည်ထည်အမျိုးမျိုးရက်လုပ်လျက်ရှိပါ သည်။ ပခုက္ကူမြို့နယ်တွင် ချည်ထည်လုပ်ငန်းဖြင့် ထင်ရှာကျော်ကြားသော ချည်ထည်လုပ်ငန်းများမှာ စိန်ပန်းခိုင်၊ စိန်ငါးပွင့်၊ ငွေကြယ်ဦး၊ ရွှေနဂါး၊ ရွှေခြင်္သေ့၊ အခြားချည်ထည်လုပ်ငန်းများအပြင် ဂဠုန်မင်း ချည်ထည်လုပ်ငန်းတို့ဖြစ်ပါသည်။ ဂဠုန်မင်းချည်ထည်လုပ်ငန်းသည် ပခုက္ကူမြို့တွင် လက်လီ/ လက်ကား ဖြန့်ဖြူးရုံသာမက ပြည်ပနိုင်ငံများသို့လည်းတင်ပို့လျက်ရှိကြောင်း ဂဠုန်မင်းချည်ထည်လုပ်ငန်းမှသိရှိရပါသည်။ 

       ဂဠုန်မင်းချည်ထည်လုပ်ငန်းမှထွက်ရှိသော ချည်များမှာ သဘာဝဆိုးဆေးများကိုသာအသုံးပြုထားခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်ထံမှသိရှိရပါသည်။ ထွက်ရှိသော ချည်ထည်အမျိုးအစားများမှာ ရွတ်ကျစ် (ခေါ်) ကျေးလက်ဒေသသုံးစောင်အမျိုးမျိုး၊ ဝါဒစောင်၊ ဝါချည် (၆)လွှာစောင်၊ Hotal သုံးစောင်အမျိုးမျိုး၊ ဝါ ချည်(၄)လွှာစောင်အမျိုးမျိုး၊ မိသားစုအိပ်စောင်အမျိုးမျိုး၊ ချင်းပုလဲ(ဟားခါး) စောင်အမျိုးမျိုး၊ ကင်းချည်စောင်၊ ဘက်စုံသုံးမျက်နှာသုတ်ပဝါနှင့် မျက်နှာသုတ်ပဝါတို့ ထုတ်လုပ်ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း ဂဠုန်မင်းချည်ထည်လုပ်ငန်းမှသိရှိရပါသည်။

        ဂဠုန်မင်းချည်ထည်လုပ်ငန်းမှထွက်ရှိသော ချည်ထည်စောင်များ၏ဈေးနှုန်များမှာ ရွတ်သေး (ခေါ်) ကျေးလက်ဒေသ (၁)ယောက်အိပ်စောင် တစ်ထည်လျှင် ကျပ်(၁၂၀၀၀)၊ ရွတ်ကြီး(ခေါ်) ကျေးလက်ဒေသစောင်(၂)ယောက်အိပ် တစ်ထည်လျှင် ကျပ်(၁၈၀၀၀)၊ ဝါဒစောင်တစ်ထည်လျှင် ကျပ် (၄၆၀၀၀)၊ Hotal စောင် တစ်ယောက်အိပ်တစ်ထည်လျှင် ကျပ် (၃၉၀၀၀)၊ Hotal စောင်နှစ်ယောက်အိပ် တစ်ထည်လျှင် ကျပ် (၅၀၀၀၀)၊ ဝါ ချည်(၆)လွှာစောင် တစ်ထည်လျှင် ကျပ် (၃၉၀၀၀)၊ ဝါ ချည်(၄)လွှာစောင်တစ်ယောက်အိပ် တစ်ထည်လျှင် ကျပ် (၃၀၀၀၀)၊ ဝါ ချည်(၄)လွှာစောင် နှစ်ယောက်အိပ်တစ်ထည်လျှင် ကျပ်(၃၉၀၀၀)၊ မိသားစုအိပ်စောင်တစ်ထည်လျှင် ကျပ် (၅၅၀၀၀)၊ ဟားခါးချင်း ပုလဲစောင် တစ်ယောက်အိပ်တစ်ထည်လျှင် ကျပ် (၇၀၀၀၀)၊ ဟားခါးချင်းပုလဲစောင် နှစ်ယောက်အိပ်တစ်ထည်လျှင် ကျပ်(၉၀၀၀၀)၊ ကင်းချည်စောင်တစ်ထည်လျှင် ကျပ်(၄၅၀၀၀)၊ ဘက်စုံသုံးမျက်နာသုတ်ပဝါတစ်ထည်လျှင် ကျပ်(၁၅၀၀၀)၊  ရိုးရိုးမျက်နာသုတ်ပဝါတစ်ထည်လျှင် ကျပ် (၄၅၀၀)နှင့် ဖော့လက်သုတ်ပဝါတစ်ထည်လျှင် ကျပ်(၁၆၀၀)ဖြင့်ရောင်းချနေကြောင်း ဂဠုန်မင်း ချည်ထည်လုပ်ငန်းမှသိရှိရပါသည်။

DOCA(မကွေး)