ပခုက္ကူမြို့၏ ကြက်သွန်နီဈေးနှုန်းဈေးကွက်နှင့် တင်ပို့မှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ အနယ်နယ်အရပ်ရပ်မှ ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နေ့စဉ် အရောင်းအဝယ်ဖြစ်နေသောနယ်များမှာ ယောနယ်၊ ပေါက်၊ ရေပြာနှင့် ပခုက္ကူအနီးအနားပတ်ဝန်းကျင်ရှိရွာများ၊ စစ်ကိုင်းဒေသကြီးအတွင်းရှိ ပလဲနယ်၊ သံတောင်၊ ဆင်တဲဝနယ်မှ ဆောင်းစိုက်ပင်စိုက်ကြက်သွန်နီများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့သည် မြို့၏စီးပွားရေးအချက်အချာကြသောမြို့ကြီးတစ်မြို့လည်းဖြစ်ပါသည်။ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် နေ့စဉ်ကြက်သွန်နီပိဿာချိန် (၅၀၀၀၀) မှ (၇၀၀၀၀) အထိ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်၌ ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ(ပထမပတ်)တွင် ကြက်သွန်နီအရည်အသွေးကိုလိုက်၍ ကြက်သွန်နီဈေးနှုန်းများလည်းကွာခြားလျက်ရှိပါသည်။ ပေါက်မြို့ (ယောနယ်) ဒေသထွက်ရှိသော ကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၉၀၀-၂၀၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၄၀၀-၁၅၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၂၀၀-၁၃၀၀)၊ ပခုက္ကူကျွန်း (တောင်ဘက်ကမ်း) ထိပ်စတစ်ပိဿာလျှင် ကျပ် (၁၉၀၀)၊ အလတ်စတစ် ပိဿာလျှင် ကျပ် (၁၇၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၁၀၀-၁၃၅၀)နှင့် ပုလဲနယ်မှထွက်ရှိသော ကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၉၀၀ မှ ၁၈၅၀)ဖြစ်ပြီး မြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတို့တွင် လက်လီရောင်းချနေသော ကြက်သွန်နီဈေးနှုန်းများမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၂၃၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၈၀၀-၂၀၀၀)ဈေးနှုန်းအသီးသီးဖြင့်ရောင်းချနေကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

         တင်ပို့မှုအနေဖြင့် ပခုက္ကူဒေသမှထွက်ရှိသော ဆောင်းကြက်သွန်နီများကို မြန်မာပြည်အောက်ပိုင်း ရန်ကုန်ဘုရင့်နောင်၊ ဟင်္သာတ၊ မြဝတီနှင့် တာချီလိတ်မြို့များသို့တင်ပို့နေကြောင်း၊  တစ်နေ့လျှင် ပိဿာချိန်(၅၀၀၀၀)ကျော်တင်ပို့နေကြောင်း ကြက်သွန်နီကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)