မုံရွာမြို့ပေါ်ရှိ စက်သုံးဆီဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း စက်သုံးဆီဈေးနှုန်းများကို ဆက်သွယ်မေးမြန်းခဲ့ရာ ၂၀၂၂ ခုနှစ်၊ မတ်လ၂၃ ရက်နေ့တွင် အောက်တိန်း92 တစ်ဂါလံလျှင် (၉၆၀၀)ကျပ်၊ အောက်တိန်း95 တစ်ဂါလံလျှင် (၁၀၂၀၀)ကျပ်နှင့် ပရီမီယံဒီဇယ် တစ်ဂါလံလျှင် (၁၀၂၂၀)ကျပ်ထိ အသီးသီး ရောင်းချ လျှက်ရှိကြောင်း သိရှိရသည်။

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းကာ အများပြည်သူသက်သာစေရေးအတွက် (၈.၂.၂၀၂၂)ရက်နေ့မှ ၈.၃.၂၀၂၂ရက်နေ့အထိ အထူးသတ်မှတ်ဈေးနှုန်းဖြင့် Asia Energy၊ BOC၊ Max(Monywa-1)၊ Denko(မုံရွာ-၁)၊ Denko(မုံရွာ-၂)နှင့် Denko(မုံရွာ-၃) စက်သုံးဆီဆိုင်တို့မှ ရောင်းချပေးလျှက်ရှိကြောင်း သိရှိရသည်။

          မုံရွာမြို့ပေါ်ရှိ စက်သုံးဆီဈေးနှုန်းများကို ယခင်လနှင့် နှိုင်းယှဉ်လျှင် ဓာတ်ဆီတစ်ဂါလံကို (၁၀၀၀)ကျပ်နှင့် ဒီဇယ်တစ်ဂါလံလျှင် (၁၂၅၀)ကျပ်အထိ ဈေးနှုန်းမြှင့်တက်ခဲ့ကြောင်း လေ့လာ သိရှိရပါသည်။