အုတ်တွင်းမြို့ စည်ပင်ဈေးမှ ငှက်ပျောဖူးနှင့် ဟင်းခပေါင်းသီးများ

Powered by Drupal

     အုတ်တွင်းမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ ဟင်းသီးဟင်းရွက်အရောင်းဆိုင်များ၌ ငှက်ပျောဖူးများနှင့် ဟင်းခပေါင်းသီးများ ရောင်းချလျက်ရှိနေပါသည်။ ငှက်ပျောပင်သည် ရာသီမရွေး အသီးသီးသည်ဖြစ်ရာ ငှက်ပျောဖူးသည်လည်း ရာသီမရွေးပေါ်နေလျက်ရှိပါသည်။ ငှက်ပျောဖူးကို ဟင်းချက်စား၍သော်လည်းကောင်း၊ သုပ်စား၍သော်လည်းကောင်း၊ ပြုတ်၍ငါးပိရည်အတို့အဖြစ်လည်းကောင်း စားသုံးနိုင်ပါသည်။

      ဟင်းခပေါင်းသီးကို ပုဇွန်ခြောက်၊ အသားငါးမျိုးစုံတို့နှင့်ရော၍ ချက်စားနိုင်ပါသည်။ ၂၀၂၄ခုနှစ် စက်တင်ဘာလဒုတိယအပတ်တွင် ဟင်းခပေါင်းသီး (၁၀)ကျပ်သားလျှင် ၈၀၀ ကျပ်၊ ငှက်ပျောဖူးအသေးတစ်ဖူးလျှင် ၄၀၀ကျပ်၊ အကြီးတစ်ဖူးလျှင် ၇၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း အုတ်တွင်းမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ ဟင်းသီးဟင်းရွက်ဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)