တောင်ငူခရိုင် ရေတာရှည်မြို့ရှိ စက်ဆီ ချောဆီအရောင်းဆိုင်များနှင့် မော်တော်ယာဉ်ပြုပြင်ရေး ဆောင်ရွက်သည့် လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးအသိပညာပေး

Powered by Drupal

               ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံတာဝန်ခံနှင့် ရေတာရှည်မြို့နယ်တာဝန်ခံတို့နှင့်အတူ မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ရှိ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍  စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အတုအပများ ရောင်းချမှုမရှိစေရေးကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

              ခရိုင်ဦးစီးမှူးက စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အတုအပများ ပြုလုပ်ခြင်း၊ ဈေးကွက်အတွင်း တရားမဝင်ဖြန့်ဖြူးရောင်းချခြင်းတို့သည် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ငြိစွန်းပါကြောင်း၊ တရားဝင်လိုင်စင်ရယူ၍ ဆောင်ရွက်ခြင်းမရှိခြင်းသည် နိုင်ငံတော်၏ အခွန် ဘဏ္ဍာကို ဆုံးရှုံးစေပါကြောင်း၊ ဥပဒေနှင့်ငြိစွန်းပါက လက်ဝယ်ရောင်းချသူသာ အရင်ဆုံးဖြေရှင်းရမည် ဖြစ်ပါသဖြင့် မိမိခရိုင်အတွင်း လုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေးအတွက် အတုအပ ထုတ်လုပ်သူများက လာရောက်ကမ်းလှမ်းပါက လက်ခံရောင်းချပေးခြင်းမပြုရန် လိုအပ်ပါကြောင်း အသိပညာပေးခဲ့ပါ သည်။

              ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် မော်တော်ယာဉ်ပြုပြင်ရေးဆောင်ရွက်သည့်လုပ်ငန်းများသို့  ဆက်လက်သွားရောက်၍ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ အသုံးပြုမှုမရှိစေရေး၊ အတုအပထုတ်လုပ်ဖြန့်ဖြူးသူများက လာရောက်ကမ်းလှမ်းပါက လက်ခံဝယ်ယူ၍ အသုံးမပြုရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)