တရားမဝင် ဝင်ရောက်လာသော အသင့်စားအစားအသောက်များအားသိမ်းဆည်းဖျက်ဆီးခြင်း

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ၃၀.၃.၂၀၂၂ နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ရယူထားခြင်းမရှိဘဲ နယ်စပ်မှတရားမဝင် ဝင်ရောက်လာသော အသင့်စား အသားချောင်း၊ အသားလုံး၊ အသားပြား၊ ငါးအသားချောင်းနှင့် ပင်လယ်စာချောင်းများရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ Similac Product များ ဈေးကွက်အတွင်းရှိမရှိ ထောက်လှမ်းစစ်ဆေးခြင်းနှင့် စစ်ဆေးတွေ့ရှိပါက သိမ်းဆည်းဖျက်ဆီးရန် မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ဥပဒေ၊ မြို့နယ်စည်ပင်၊ မြို့နယ်ထွေ/အုပ်၊ မြို့နယ်စားသုံးသူရေးရာ အဖွဲ့များပါဝင်သော ပုသိမ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့များဖြင့် ပုသိမ်မြို့တွင်း ကြိုတင်သတင်းရယူထားသော လက္ကားဆိုင်များအပါအဝင် ဆိုင်(၇)ဆိုင်အား စစ်ဆေးခဲ့ရာ လက္ကား ဆိုင်(၃)ဆိုင်မှ တရားမဝင်တင်သွင်းလာသော စားသုံးရန်မသင့်သည့် အသားလုံး၊ အသားချောင်း(၄၄) ထုပ်အားစစ်ဆေးတွေ့ရှိခဲ့ပါသည်။ အဆိုပါသိမ်းဆည်းပစ္စည်းများအား  ကော်မတီအဖွဲ့များ အားလုံး၏ ရှေ့မှောက်တွင် ဖျက်ဆီးခြင်းနှင့် ဆိုင်ရှင်များအားလည်း ဆက်လက်ရောင်းချခြင်းမပြုရန် အသိပညာပေးခြင်း၊ ခံဝန်ကတိပြုလက်မှတ်ရေးထိုးစေခြင်းများကို ပုသိမ်မြို့နယ်ကျန်းမာရေးဌာနရုံးတွင် ပြုလုပ်ခဲ့ကြပါသည်။

DOCA(ဧရာဝတီ)