မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံး  အစည်းအဝေးခန်းမ၌ မတ်လ ၂၉ ရက်နေ့က မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ပါသည်။

            အဆိုပါအစည်းအဝေးတွင် မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး၊ ဦးနိုင်လယိတမက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ချက်များ၊ တိုင်ကြားမှုနှင့် ဖြေရှင်းဆောင်ရွက်ချက်များအား ကော်မတီအဖွဲ့ဝင်များသို့တင်ပြ၍ ကော်မတီ၏ ဆုံးဖြတ်ချက်၊ အတည်ပြုချက်၊ အကြံပြုချက်များပေးနိုင်ရေး ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့်ကော်မတီအဖွဲ့ဝင်အသီးသီးမှ အကြံပြုဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းစသည်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)