မော်လမြိုင်၌ စက်ဆီ၊ ချောဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

Powered by Drupal

            မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊မော်လမြိုင်မြို့နယ်တာဝန်ခံသည် ၂၅.၃.၂၀၂၂ ၊ ၂၉.၃.၂၀၂၂ ၊ ၃၀.၃.၂၀၂၂ ရက်နေ့တို့တွင် မော်လမြိုင်မြို့အတွင်းရှိ စက်ဆီ၊ ချောဆီများ လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချနေသော စက်ဆီ၊ ချောဆီအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

            ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးအာမခံချက်ရှိသော ကုန်ပစ္စည်းများ၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ခွင့်ပြုချက်ပါရှိသော ကုန်ပစ္စည်း များကိုသာ ဖြန့်ဖြူးရောင်းချကြရန်၊ တရားမဝင် စက်ဆီ၊ ချောဆီများအား ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် တရားမဝင် စက်ဆီ၊ ချောဆီများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေခြင်းအား စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)