မော်လမြိုင်ခရိုင်၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မုဒုံမြို့နယ်တာဝန်ခံသည် ၂၃.၃.၂၀၂၂ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် မုဒုံမြို့နယ်လမ်းဘေးဝဲယာဆိုင်များအားလည်းကောင်း၊ ၂၈.၃.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ မော်လမြိုင်မြို့ပေါ်ရှိ ဈေးဆိုင်၊ စတိုးဆိုင်များအားလည်းကောင်း၊ ၂၉.၃.၂၀၂၂ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍လည်းကောင်း၊ ၃၀.၃.၂၀၂၂ ရက်နေ့တွင် ချောင်းဆုံမြို့နယ်တာဝန်ခံသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်ရှိ ဈေးဆိုင်၊ စတိုးဆိုင်၊ ကုန်စုံဆိုင်များအားလည်းကောင်း ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါ ဆိုင်များ၌ ရောင်းချလျက်ရှိသော ထုတ်ကုန်ပစ္စည်းများမှာ သက်တမ်းကျော်လွန်ခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက် ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိနှင့် ထုတ်ကုန်လုံခြုံစိတ်ချက်ရမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)