တရားမဝင် စက်ဆီချောဆီများ ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

             စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များ အသင်းအနေဖြင့် တွေ့ကြုံနေရသည့် အခက်အခဲများဖြစ်သော စက်ဆီ၊ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ တင်သွင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်အတွင်း အတုအပပြုလုပ်ခြင်း၊ တရားမဝင်ဖြန့်ဖြူး ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ကျောက်ဖြူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအေးကျော်၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများသည် (၁-၄-၂၀၂၂)နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျောက်ဖြူမြို့နယ် ဈေးကွက်အတွင်းရှိ စက်ဆီ၊ ချောဆီများ ရောင်းချသည့် အရောင်းဆိုင်များသို့ သွားရောက်၍ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

             ဈေးကွက်အတွင်း Fake Product များ အများအပြားရှိနေပြီး နာမည်ရထုတ်ကုန်များကို အတုအပပြုလုပ်၍ တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိနေခြင်းနှင့် Recycle Oil  နှင့် Rubber  Processing Oil ကဲ့သို့ ပြန်လည်ပြုပြင်ထားသည့် သုံးစွဲရန်မသင့်သော အရည်အသွေးညံ့သည့် စက်ဆီ၊ ချောဆီများကို တရားဝင်ခွင့်ပြုချက်လိုင်စင်မရှိဘဲ ပြုလုပ်ရောင်းချနေကြကြောင်း သိရှိရသည့်အပြင် ၎င်းအထဲတွင် Falcon Brand၊  Trane Brand နှင့် Crocodile Brand တို့သည်အတုအပအများဆုံး ပြုလုပ်ခံနေရကြောင်း သိရှိရသည့်အတွက်   ရုံးချုပ်၏ညွှန်ကြားချက်အရ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ရခြင်းဖြစ်ပါသည်။

         ထိုသို့ဆောင်ရွက်ရာတွင် ရုံးချုပ်မှ ဖြန့်ဝေပေးထားသည့်  Crocodile ၊ Falcon  နှင့် Trane အမှတ်တံဆိပ်ပါ တရားမဝင် စက်ဆီ၊ ချောဆီ အတုအပနမူနာပုံစံများနှင့် စိစစ်စစ်ဆေးဆောင်ရွက်ခဲ့ရာ တရားမဝင် စက်ဆီ၊ ချောဆီများ၊ ဆင်တူယိုးမှား အတုအပပြုလုပ်ရောင်းချခြင်းများ ကျောက်ဖြူမြို့နယ်ဈေးကွက်အတွင်းမတွေ့ရှိရဘဲ စစ်မှန်သည့် အရည်အသွေးနှင့် ကုန်အမှတ်တံဆိပ် ဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချဖြန့်ဖြူးလျှက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ ဆက်လက်၍ ကျောက်ဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနက ဝန်ထမ်းများမှ စက်ဆီ၊ ချောဆီရောင်းချသည့် လုပ်ငန်းရှင်များအား တရားမဝင် စက်ဆီ၊ ချောဆီများနှင့် ဆင်တူယိုးမှား အတုအပပြုလုပ်ရောင်းချမှုများ မပြုလုပ်ကြပါရန်နှင့် အတုအစစ်ခွဲခြားရောင်းချနိုင်စေရေး နမူနာပုံစံ လက်ကမ်းစာစောင်များ ဖြန့်ဝေပြီးအသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)