အိန္ဒိယသည် ဆန်ဖြူတင်ပို့မှုကိုပိတ်ပင်ထားမှုအား ပြန်လည်ရုပ်သိမ်းပြီးနောက် ရောင်းလိုအားမြှင့်တင်လာခြင်းကြောင့် ဆန်ဖြူဈေးသက်သာလာ

Powered by Drupal

         လာမည့်သတင်းပတ်အတွင်း သီးနှံသစ်များရိတ်သိမ်းရန် ပြင်ဆင်မှုများရှိသဖြင့် အိန္ဒိယသည် ဘာစမာတီဆန်မဟုတ်သော ဆန်ဖြူတင်ပို့မှုကို ပြန်လည်စတင်ရန် ကမ်းလှမ်းထားသည်။ အိန္ဒိယသည် ဆန်တင်ပို့မှုအများဆုံးနိုင်ငံလည်းဖြစ်ပြီး ၄င်း၏ ကြီးမားသောတင်ပို့မှုသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကိုမြှင့်တင်ပေးပြီး ဆင်းရဲသောအာရှနှင့် အာဖရိကဝယ်လက်များ ပိုမိုတတ်နိုင်သော ထောက်ပံ့မှုများရရှိစေရန် ကူညီပေးမည်ဖြစ်ကြောင်း ဆန်တင်ပို့သူများက ပြောကြားခဲ့သည်။ အိန္ဒိယသည် အစားအသောက်ဈေးနှုန်းများမြင့်တက်မှု၊ ငွေကြေးဖောင်းပွမှုနှင့် ဆန်ပြတ်လပ်မှုစိုးရိမ်မှုများကြားတွင် ပြည်တွင်းစားသုံးသူများကိုကူညီရန်အတွက် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို ၂၀၂၃ခုနှစ်တွင် ပိတ်ပင်ခဲ့သည်။ ဆန်ဖြူတင်ပို့မှုကိုတားမြစ်ပြီး ဆန်တင်ပို့မှုအပေါ်  အခွန် ၂၀ရာခိုင်နှုန်းစည်းကြပ်ရန် ပြီးခဲ့သည့်နှစ်တွင် အိန္ဒိယက ဆုံးဖြတ်ခဲ့ပြီးနောက် ၁၅နှစ်အတွင်း ကမ္ဘာ့ဆန်ဈေးသည် အမြင့်ဆုံးသို့ မြင့်တက်လာခဲ့သည်။ အိန္ဒိယ၏ ပို့ကုန်များသည် ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် အမေရိကန်တို့ပေါင်းစပ်တင်ပို့သည့် ကမ္ဘာ့အကြီးဆုံးတင်ပို့မှုလေးခုထက်ကြီးမားသည်။ ယင်းကြောင့် ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စတန်နှင့် မြန်မာတို့ကဲ့သို့ အပြိုင်ရောင်းချသူများအား ၎င်းတို့၏ စျေးကွက်ဝေစုကိုတိုးမြှင့်ကာ ကမ္ဘာ့ဈေးကွက်တွင် ပိုမိုမြင့်မားသောစျေးနှုန်းများကို ထိန်းချုပ်နိုင်စေခဲ့သည်။

        ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန်တို့မှ ဆန်တင်သွင်းသူများသည် အိန္ဒိယ၏ ပို့ကုန်စျေးနှုန်းထက် ၎င်းတို့၏ဈေးနှုန်းများကိုလျှော့ချခြင်းဖြင့် ၎င်းတို့၏ဈေးကွက်ကို ဆွဲဆောင်ကြသည်” ဟု ဆန်တင်ပို့သူ Satyam Balajee မှ အမှုဆောင်ဒါရိုက်တာ Himanshu Agarwal က ပြောကြားခဲ့ပြီး "လူတိုင်းဟာ စျေးကွက်ထဲမှာ ကိုယ့်နေရာကိုသိမ်းပိုက်နိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားနေကြတယ်" ဟုလည်းပြောကြားခဲ့သည်။ အိန္ဒိယသည် ၂၀၂၂ခုနှစ်တွင် ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ရာခိုင်နှုန်းကျော်ရှိပြီး ကမ္ဘာ့ကုန်သွယ်မှုစုစုပေါင်း ၅၅ဒသမ ၄သန်း၊ မက်ထရစ်တန်ချိန် ၂၂ဒသမ ၂သန်းဖြင့် စံချိန်တင်ခဲ့သည်။ အိန္ဒိယသည် နိုင်ငံပေါင်း ၁၄၀ သို့ ဆန်တင်ပို့နေပြီး ဖိလစ်ပိုင်၊ နိုင်ဂျီးရီးယား၊ အီရတ်၊ ဆီနီဂေါ၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့က အာရှဆန် အဓိကတင်သွင်းသူများထဲတွင် ပါဝင်ပါသည်။ မုတ်သုံမိုးသည်းထန်စွာရွာသွန်းပြီးနောက် အိန္ဒိယလယ်သမားများသည် ယခုနှစ်တွင် စပါးဧက ၁၀၂.၁၈ သန်းရိတ်သိမ်းရန် ပြင်ဆင်နေချိန်တွင် တားမြစ်ချက်ကိုရုပ်သိမ်းလိုက်ခြင်းသည် ကျေးလက်တွင် လယ်ယာကဏ္ဍနှင့်ပတ်သက်၍ ဝင်ငွေများတိုးလာစေပြီး ကမ္ဘာ့ဈေးကွက်တွင် အိန္ဒိယ၏ရပ်တည်မှုကို ပြန်လည်ရရှိစေရန် ကူညီပေးမည်ဖြစ်သည်။

SOURCES-REUTERS

DOCA(မန္တလေး)