စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁.၄.၂၀၂၂ ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် ဒေါပုံမြို့နယ်အတွင်းရှိဆေးဆိုင်များသို့ သွားရောက်၍ ဈေးနှုန်းစုံး စမ်းကြပ်မတ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဆေးဆိုင်များသည် ဆေးဝါးများကို ဗိုလ်ချုပ်ဈေးသစ်နှင့် ရွှေပြည့်စုံဈေးများမှ အများဆုံး ဝယ်ယူရောင်းချခြင်းဖြစ်သော်လည်း အချို့သော ဆေးဝါးများမှာ ဆေးကုမ္ပဏီများမှ တိုက်ရိုက်လာ ရောက်ပို့ဆောင်ခြင်းများရှိသောကြောင့် ဆေးဝါးဈေးနှုန်းများမှာ သင့်တင့်သောဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ဆက်လက်၍ ဆေးဆိုင်များမှ တာဝန်ရှိသူများကို စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့် ဆေးနှင့် ဆေး ပစ္စည်းများသာ ရောင်းချရန်၊ ဆရာဝန်ညွှန်ကြားချက်မပါသော၊ သက်တမ်းလွန်သော၊ သက် ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရရှိသော ဆေးဝါးများ၊ စပ်ဆေးများရောင်းချခြင်းမပြုရန်၊ Mask များ၊ အရက်ပြန်များ၊ Handgel များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းကဲ့သို့ပစ္စည်းများအား စစ်ဆေးတွေ့ရှိရပါက အရေးကြီးကုန်စည်ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)