ပခုက္ကူမြို့၏ ကီလိုမာလကာသီးဈေးနှုန်းဈေးကွက်

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မဈေးနှင့် အမှတ်(၂)ဈေးတို့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း၊ ပုပ္ပါးနယ်မှထွက်ရှိသော ကီလိုမာလကာသီးများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကီလိုမာလကာသီးသည် ဗီတာမင်စီများစွာကြွယ်ဝသော အသီးလည်းဖြစ်ပြီး လူတိုင်းကြိုက်နှစ်သက်သော အသီးလည်းဖြစ်ပါသည်။ ကျောက်ပန်းတောင်းနှင့် ပုပ္ပါးတို့တွင် ကီလိုမာလကာသီးကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ပခုက္ကူမြို့အတွင်းရှိ နယ်များဖြစ်သော ကုက္ကိုလ်လှ၊ ကျွန်းဦး၊ ကျွန်းညို၊ မြင်းကျွန်းရွာ များတွင်လည်း အနည်းငယ်စိုက်ပျိုးကြကြောင်း သိရသည်။

    ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ပုပ္ပါးကျောက်ပန်းတောင်းမှထွက်ရှိသော ကီလိုမာလကာသီး တစ်ပိဿာလျှင် ကျပ်(၂၅၀၀-၃၀၀၀)၊ ပခုက္ကူဒေသထွက် ကီလိုမာလကာသီး တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ဈေးနှုန်းဖြင့် နေ့စဉ် ပိဿာချိန်(၂၀၀)ကျော်ဝင်ရောက် အ‌ရောင်းအဝယ်ဖြစ်နေကြောင်း‌ ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)