ကျွဲကောပင်သည် ရှောက်၊ သံပုရာ၊ လိမ္မော််ပင် စသ်တို့နှင့်အတူ ရှောက်ပင်မျိုးတွင် ပါဝင်သည်။ အချို့က ကျွဲကောသီးကို ရှောက်ပန်းသီးဟုလည်း ခေါ်ကြသည်။ ။ မြန်မာနိုင်ငံတွင် ကျွဲကောပင်ကို အစေ့မှလည်းကောင်း၊ မြေထုပ်စည်းစနစ်ဖြင့်လည်းကောင်း၊ မျိုးပွားယူကြပြီး အကိုင်းကူးနည်း၊ မျက်စိဆက်နည်းတို့ဖြင့် စိုက်ပျိုးပါက အပင်လည်းကြီးထွား၍ အသီးလည်း ပိုမိုဖြစ်ထွန်းသည်။ မိုးဥကျအချိန်မှစ၍ ပန်းပွင့်သည်။ အသီးများသည် တော်သလင်းမှ ပြာသိုလအတွင်း မှည့်ကြသည်။ ကျွဲကောပင်သည် ပေ ၃၀၊ ၄၀ အထိမြင့်နိုင်သည်။ ကျွဲကောသီးသည် ခပ်လုံးလုံးဖြစ်၍ အချင်း ၆ လက်မမှ ၈ လက်မခန့်အထိရှိသည်။ အခွံသည်ထူသည်။ စိမ်းသည်။ မှည့်လျင် အဝါရောင်သန်းလာသည်။ အတွင်း၌ ရှောက်သီးမှာကဲ့သို့ အမြွာလိုက်အသားရှိသည်။ အသားသည် အရည်ရွမ်းသည်။ ကျွဲကောသီးကို အသားအရောင်ကိုလိုက်၍ အဖြူမျိုး၊ အနီးမျိုး ဟူ၍လည်းကောင်း၊ အရသာကိုလိုက်၍ အချည်မျိုး၊ အချိုမျိုးဟူ၍လည်းကောင်း ခွဲခြားခေါ်ကြသည်။
ပုသိမ်မြို့တွင်လည်း ကျွဲကောသီးအများဆုံးထွက်ရှိသော မြို့နယ်များဖြစ်သည့် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင်မြို့နယ်များမှ တစ်ဆင့်ယူ၍ ရောင်းချကျပြီး ဈေးနှုန်းများမှာ ကျွဲကောသီး (ပန်းရောင်/အဖြူ)အလုံးကြီး (၅၀၀၀-၄၀၀၀)ကျပ်၊ အလုံးလတ် (၄၀၀၀-၃၅၀၀) ကျပ်၊ အလုံးသေး (၃၀၀၀-၂၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိနေကြောင်း ပုသိမ်မြို့ ရှိ သစ်သီးအရောင်းဆိုင်များမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)