သဘာဝဘေးကြောင့် ပျက်စီးခဲ့သောလယ်ယာမြေများပြန်လည်ဖော်ထုတ်

Powered by Drupal

           ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် စက်တင်ဘာလအတွင်းရာသီ မုန်တိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး သီးနှံစုံစိုက်ခင်းအချို့ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပါသည်။ ဘော်နင်းကျေးရွာအုပ်စု၊ စကားအင်းကျေးရွာအုပ်စု၊ ဝါးရုံပင်ကျေးရွာအုပ်စုနှင့် တောင်လားကျေးရွာအုပ်စုများမှ မိုးစပါး၊ အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်း၊ ပဲပုတ်၊ နေကြာ၊ ဂေါ်ဖီ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းအမျိုးမျိုးစိုက်ပျိုးဧက(၁၄၉၄)ဧက ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရှိရပါသည်။ ထိခိုက်ပျက်စီးမှု (၄၁၆) ဧကနှင့် လယ်ယာမြေပြန်လည်ဖော်ဆောင်ရန် (၃၀၄) ဧကရှိကြောင်း သိရှိရပြီးအဆိုပါဒေသခံတောင်သူများ၏ စိုက်ပျိုးမြေမဆုံးရှုံးစေရေး၊  ရာသီအလိုက်သီးနှံများ အမြန်ပြန်လည်စိုက်ပျိုးနိုင်ရေး လယ်မြေ၊ ယာမြေများပြန်လည်ဖော်ဆောင်မှုအား ကလောခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများမှ စက်ယန္တရားအင်အား၊ လူအင်အားတို့ဖြင့် ဆောင်ရွက်ပေးနေကြောင်းသတင်းရရှိပါသည်။

DOCA(ရှမ်း)