မင်းလှမြို့နယ်တွင် တောင်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် လက်ဆက်ကျေးရွာအုပ်စု၊ လက်ဆက်ကျေးရွာတွင် စိုက်ပျိူးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ တိမွေးကုဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာဆွေးနွေးပွဲအား (၇.၄.၂၀၂၂) ရက်နေ့၊ နေ့လည် (၁၀:၁၅) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး ဉပဒေအကြောင်းအား တက်ရောက်လာသူ တောင်သူ (၅၄) ဦးအား အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

          ဌာနအသီးသီးမှ လုပ်ငန်းနယ်ပယ်အလိုက် ဆွေးနွေးဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဉပဒေပြဌာန်းခြင်း၊ အမည်နှင့် စတင်အာဏာတည်ခြင်းအဓိပ္ပါယ်၊ စားသုံးသူ၏တာဝန်၊ လုပ်ငန်းရှင်အဓိပ္ပါယ်၊ ဉပ‌ဒေ ရည်ရွယ်ချက်၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် အချက်အလက်များ ၊ ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုကို သုံးစွဲရာတွင် သတိထားရမည့်အချက်များအား ရှင်းလင်းဆွေးနွေးပညာပေး ဟောပြောခဲ့ပြီး စားသုံးသူများအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအား သုံးစွဲရာတွင် ၁။ ရွေးချယ်ပိုင်ခွင့်၊ ၂။ စစ်ဆေးပိုင်ခွင့် ပုဒ်မ (၁၈) ပါအချက်များ၊  ၃။ ငြင်းပယ်ပိုင်ခွင့်ရှိကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ဟောပြောပွဲအပြီး တက်ရောက်လာသူတောင်သူများ၏ သိလိုသည်များ ပြန်လည်မေးမြန်းမှုအား သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)