မြန်အောင်မြို့ Online မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၅.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  မြို့မတဲကြီးကုန်းလမ်း၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ Online စနစ်ဖြင့် ရောင်းချလျက်ရှိသော အထည်အမျိုးမျိုးနှင့် အလှကုန်ပစ္စည်းအမျိုးမျိုးရောင်းချသောဆိုင်များသို့ အွန်လိုင်းမှတ်ပုံတင်ထားမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ၏ထိုသို့ကွင်းဆင်းရာတွင် မြန်အောင်မြို့နယ်တာဝန်ခံ ဦးမြင့်အောင်မှ Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိ ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန်တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)