စားသုံးသူရေးရာဦးစီးဌာန ၊ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူး ဦးအောင်သိန်းသည် လက်ပံတန်းမြို့နယ် တာဝန်ခံ ၊ ခရိုင်ဦးစီးမှူးရုံးမှ စားသုံး ၊ ထုတ်လုံတာဝန်ခံတို့နှင့်အတူ ဧပြီလ ၅ရက်နေ့ ၊ နံနက်ပိုင်းတွင် လက်ပံတန်းမြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချသော အရောင်းဆိုင်များအား ကုန်စည်များလုံခြုံစိတ်ချရမှုရှိစေရေး ၊ စားသုံးသူပြည်သူများ ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး ၊ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြမှုရှိစေရေးတို့အတွက် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကို ဦးစားပေး ရောင်းချကြရန် ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်စေမည့် သက်တမ်းလွန်ကုန်စည်များကို သွယ်ဝိုက် ရောင်းချခြင်း များ ရှောင်ကြဉ်ကြရန် ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)