စစ်ကိုင်းမြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

              စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်နှင့် ဝန်ထမ်းများသည် စစ်ကိုင်းမြို့၊ လေးကျွန်းမြေအုဌ်ကျောင်း(ဘုန်းတော်ကြီးကျောင်း)၌ မတ်လ ၂၉ရက်မှ ဧပြီလ ၁၂ရက်နေ့ထိ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဓမ္မစကူးလ်ဖွင့်လှစ်သင်ကြားခဲ့ရာ ကျောင်းသား/ ကျောင်းသူ ၅၀၀ကျော်တက်ရောက်ခဲ့သည့်အနက် ကျောင်းသား/ကျောင်းသူ ၁၅၀ဦးအား ဧပြီလ ၈ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ ပန်းဖလက်များ ဖြန့်ဝေပြီး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စစ်ကိုင်းခရိုင်ဦးစီးမှူးက  စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အကြောင်း၊ မိမိတို့ဌာန၏ မျှော်မှန်းချက်သည် "စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်" ဖြစ်ပါ ကြောင်း၊ နှစ်စဉ် မတ်လ(၁၅)ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဟု သတ်မှတ်ထားပါ ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့က ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၉။ ဖြင့်ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)၊ ပုဒ်မ(၁၉)တွင် ပြဌာန်ထားသော စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များ အခန်း (၁၈) ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့်ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်(၈)ချက်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)