ပြည်ဈေးကွက်တွင် ရောင်းချလျက်ရှိသည့် တိရိစ္ဆာန်အစားအစာများဖြစ်သော ပဲဖတ်၊ နှမ်းဖတ်၊ ဆန်ကွဲနှင့်ဖွဲနုဈေးများမှာ ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ယခုအပတ်ဖြစ်သော အောက်တိုဘာလ တတိယပတ်တွင် ပဲဖတ်တစ်ပိဿာလျှင် (၅၇၅၀)ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၃၈၀၀)ကျပ်၊ ဆန်ကွဲကြီး(EX) တစ်အိတ်လျှင် (၆၂၀၀၀)ကျပ်၊ ဆန်ကွဲ(2,3,4) တစ်အိတ်လျှင် (၅၃၀၀၀)ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ်လျှင် (၆၀၀၀၀)ကျပ်နှင့် ဖွဲနုတစ်ပေါင်လျှင် (၂၇၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ယခင်နှစ်ဖြစ်သော အောက်တိုဘာလအတွင်းတွင် ရောင်းချခဲ့သော တိရိစ္ဆာအစားအစာဈေးမှာ ပဲဖတ်တစ်ပိဿာလျှင် (၂၄၅၀)ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ဆန်ကွဲကြီး(EX) တစ်အိတ်လျှင် (၄၅၀၀၀)ကျပ်၊ ဆန်ကွဲ(2,3,4) တစ်အိတ်လျှင် (၄၂၀၀၀)ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ်လျှင် (၄၃၀၀၀)ကျပ်နှင့် ဖွဲနုတစ်ပေါင်လျှင် (၃၇၀)ကျပ်ဖြင့် ရောင်းချခဲ့သဖြင့် ယခုနှစ်တွင် ဖွဲနုဈေးမှလွဲ၍ ကျန်သောတိရိစ္ဆာန်အစာဈေးများမြင့်တက်လာခဲ့ကြောင်း သိရပါသည်။ ထိုသို့ မြင့်တက်လာရခြင်းမှာ သယ်ယူစရိတ်များကြီးမြင့်ခြင်း၊ စက်ကြိတ်ခများကြီးမြင့်ခြင်း၊ မွေးမြူရေးလုပ်ငန်းသမားများက ဝယ်ယူမှုများခြင်းတို့ကြောင့် ဖြစ်သည်ဟုသိရှိရပါသည်။
DOCA(ပဲခူး)