ယာစိုက်သီးနှံများအထွက်ကောင်း၍ တောင်သူများဝင်ငွေတိုး

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး(အနောက်)၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ရှိ ကျေးရွာများတွင် နှစ်စဉ်နှစ်တိုင်း တောင်သူများမိုးဦးသီးနှံများစိုက်ပျိုးပြီး ကုန်စိမ်းဒိုင်များမှတဆင့် ရန်ကုန်မြို့၊ တညင်းကုန်းဈေးကြီးသို့ ကုန်စိမ်းကားများဖြင့်နေ့စဉ် တင်ပို့ရောင်းချလျက်ရှိပါသည်။

       သီးနှံစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် သီးနှံများအထွက်ကောင်းပြီး ဈေးနှုန်းအသင့်အတင့်ရရှိသည့်အတွက် တွက်ခြေကိုက်၍ ဝင်ငွေများရရှိနေကြောင်း သိရပါသည်။ ၂၀၂၄ခု အောက်တိုဘာလ တတိယပတ်တွင် မြင်းခွာရွက်အစည်းတစ်ထောင်လျှင် (၁၂၀၀၀)ကျပ်၊ ဖရုံသီးတစ်လုံးလျှင် (၇၀၀ကျပ်မှ ၁၃၀၀ကျပ်)၊ ပဲတောင့်ရှည်အတောင့် (၁၀၀)လျှင် (၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်)၊ မိုးခရမ်းသီးအလုံး(၁၀၀)လျှင် (၁၂၀၀၀)ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင် (၂၅၀၀)ကျပ်ဈေးရရှိပြီး အရောင်းအဝယ်ဖြစ်ကာ တောင်သူများအနေဖြင့် တွက်ခြေကိုက် စီးပွားဖြစ်နေကြောင်း စိမ်းရောင်စိုကုန်စိမ်းဒိုင် ဥက္ကဌ ဦးအောင်ပြုံးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)