တောင်ငူမြို့ ညောင်ပင်ဈေးတွင် ရှမ်းပြည်ဘက်မှတင်သွင်းလာသော ဘိုစားပဲသီးမှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်က တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ရှိခဲ့ရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် ၁၀ ကျပ်သား လျှင် ၁၀၀၀ ကျပ်၊ ၂၅ ကျပ်သား ၂၀၀၀ ကျပ်နှင့် တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ဖြင့် ရောင်းချပါသည်။
ရွှေပဲသီးမှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်က တစ်ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၇၅၀၀ ကျပ်အထိရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၁၅၀၀ ကျပ်၊ ၂၅ ကျပ်သားယူလျှင် ၃၅၀၀ ကျပ်၊ တစ်ပိဿာ ယူလျှင် ၁၃၅၀၀ ကျပ်ဖြင့်ရောင်းချပါသည်။
ယခင်လက ရေကြီးနစ်မြှပ်မှုဖြစ်စဉ်က သီနှံခင်းများပျက်စီးခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုများဖြစ်ခဲ့ခြင်းကြောင့် သီးနှံများဈေးနှုန်းမြှင့်တက်သွားကြောင်းနှင့် ဈေးနှုန်းမြင့်တက်သော်လည်း အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း ဟင်းသီးဟင်းရွက်အရောင်းဆိုင်များမှ သိရှိပါရသည်။
DOCA(ပဲခူး)