တောင်ငူမြို့တွင် မုံညင်းနှင့် ငရုတ်ပွဈေးတက်

Powered by Drupal

            တောင်ငူမြို့ ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်ဆိုင်များတွင် ရှမ်းပြည်မှတင်သွင်းသည့် မုန်ညင်းမှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်က တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိသာ ဈေးနှုန်းရှိခဲ့သော်လည်း ယခုအောက်တိုဘာလ တတိယအပတ်တွင် ၂၅ ကျပ်သားလျှင် ၂၅၀၀ ကျပ်၊ တစ်ပိဿာယူလျှင် ၈၀၀၀ ကျပ်ဖြစ်သဖြင့် ဈေးနှုန်းမှာ ၅၀၀၀ ကျပ်အထိ မြင့်တက်ပါသည်။

             ငရုတ်ပွဲမှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်က တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိသာ ဈေးနှုန်းရှိခဲ့သော်လည်း ယခုအောက်တိုဘာလ တတိယအပတ်တွင် ၁၀ ကျပ်သားလျှင် ၁၀၀၀ ကျပ်၊ ၂၅ ကျပ်သားယူလျှင် ၂၂၀၀ ကျပ်၊ တစ်ပိဿာယူလျှင် ၈၀၀၀ ကျပ်ဖြစ်သဖြင့် ဈေးနှုန်းမှာ ၅၀၀၀ ကျပ်အထိ မြင့်တက်ပါသည်။

            ယခင်လက ရေကြီးနစ်မြှုပ်မှုဖြစ်ပွားပြီးနောက် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းအဆမတန်မြင့်တက်ရာမှ ယခုအခါတွင် ဈေးနှုန်းများပြန်လည်ကျဆင်းလာပြီဖြစ်ကြောင်း၊ အရောင်း အဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း ဟင်းသီးဟင်းရွက်အရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)