တောင်ငူမြို့တွင် ကွမ်းများဈေးမြင့်တက်

Powered by Drupal

        တောင်ငူမြို့တွင် နှစ်စဉ်မိုးအကုန် ဆောင်းအကူးကာလများ၌ ကွမ်းများဈေးတက်လေ့ရှိရာ ညောင်ပင်ဈေးတွင် ယခင်အောက်တိုဘာလ ဒုတိယအပတ်က ကွမ်းနုဝါ တစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ မုံရွာကွမ်း တစ် ပိဿာလျှင် ၇၅၀၀ ကျပ်နှင့် ဟင်္သာတကွမ်း တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ် ရှိခဲ့ပါသည်။

              ယခုအောက်တိုဘာလ တတိယအပတ်တွင် ကွမ်းနုဝါ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ မုံရွာကွမ်း တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်နှင့် ဟင်္သာတကွမ်း တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ် ရှိခဲ့ပါသဖြင့် ကွမ်းဈေးမှာ တစ်ပိဿာ လျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ဈေးတက်ပါသည်။

              ကွမ်းသီးဈေးနှုန်းမှာ ကွမ်းယာထဲထည့်သည့်ကွမ်းသီးစိတ် တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အထိ၊ ကွမ်းသီးခြမ်း တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်အထိ၊ ကွမ်းသီးလုံး တစ်ပိဿလျှင် ၈၀၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ၊ ရွှေကွမ်းသီးတစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်အထိဖြင့် ယခင်လများကအတိုင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)