![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/232_4.jpg?itok=hGLdXnVn)
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့မဈေးကြီးအတွင်း ရောင်းချနေသောကြက်ဥ၊ ဘဲဥလက်လီဈေးနှုန်းများမှာအောက်တိုဘာလတတိယပတ်တွင် ကြက်ဥကြီးတစ်လုံးလျှင် ၄၀၀ကျပ်၊ ကြက်ကလတ်တစ်လုံးလျှင် ၃၇၀ကျပ်၊ ကြက်ဥသေးတစ်လုံးလျင် ၃၂၀ ကျပ်ဈေးနှုန်း တို့ ဖြင့်အရောင်းအဝယ် ဖြစ်နေကြပါသည်။
ဘဲဥဈေးနှုန်းများမှာ ဘဲဥကြီး တစ်လုံးလျှင် ၅၀၀ကျပ်၊ ဘဲဥလတ် တစ်လုံးလျှင် ၄၅၀ကျပ်၊ ဘဲဥသေးတစ်လုံးလျှင် ၄၀၀ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပါသည်။ မိုးရာသီတွင် ပေါများလာသောငါးလေးများကြောင့်ကြက်ဥ၊ ဘဲဥရောင်းချမှုနည်းလာကာ တစ်နေ့ရောင်းချမှုအား အလုံးရေပေါင်း(၈၀၀ မှ ၁၂၀၀)လုံးခန့်ရောင်းချရကြောင်းကြက်ဥ၊ ဘဲဥရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ပဲခူး)