ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၏ မြေဩဇာကောင်းမွန်သော သဲမြေ၊ နုန်းမြေပေါ်တွင် ငရုတ်သီးစိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်သီးနှံ၌ မပါမဖြစ်သုံးစွဲနေသော ငရုတ်သီးကို ပြည်ပသို့တင်ပို့ရန်နှင့် ပြည်တွင်းသုံးစွဲရန်တို့အတွက် နှစ်စဉ် မိုးရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ဧက (၁၂၀၀၀) ခန့်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
ဝါးခယ်မမြို့ဈေးကွက်၌ ယခင်နှစ် ဆောင်းငရုတ်နဲ့ နွေငရုတ်သီးခြောက်များပေါ်သည့်အချိန်၏ ငရုတ်အခြောက်ဈေးနှုန်းမှာ ယခင်နှစ်တွင် (၁) ပိဿာလျှင် ကျပ် (၁၀၀၀၀/ ၁၂၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရှိသော်လည်း ယခုနှစ် ငရုတ်သီးဈေးနှုန်းမှာ (၁) ပိဿာလျှင် ကျပ် (၇၀၀၀) ခန့်ဈေးရရှိသည့်အတွက် ငရုတ်အခြောက်စိုက်ပျိုးသော တောင်သူများ အရှုံးပေါ် လျက်ရှိကြောင်း၊ ငရုတ်သီးအခြောက်ဈေးနှုန်းကျဆင်းနေသော်လည်း သွင်းအားစု၊ လုပ်သားငှားရမ်းခနှင့် ကားတင်စရိတ်တို့မှာ ပုံမှန်ထက် ၂ဆနီးပါးဈေးပေးနေရကြောင်း၊ ရန်ကုန်မှတစ်ဆင့် ပြည်ပဈေးကွက်ဖြစ်သော ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ စင်ကာပူနိုင်ငံများသို့ တင်ပို့ရောင်းချနေကြောင်း ငရုတ်သီးအခြောက်ဈေးကွက်မှသိရပါသည်။
DOCA(ဧရာဝတီ)
ဝါးခယ်မမြို့နယ်ရှိ စိုက်ပျိုးရေးထွက်ကုန် ငရုတ်သီးခြောက်ဈေးကွက်
Powered by Drupal