ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပီလောပီနံကိုစိုက်ပျိုးကြပြီး ဟင်္သာတမြို့နယ်တွင် ၃၇၅၆ဧက၊ ဇလွန်မြို့နယ်တွင် ၆ဧက၊ လေးမျက်နှာမြို့နယ်တွင် ၅၅၀၉ဧက၊ စုစုပေါင်းစိုက်ဧက ၉၂၇၁ဧကစိုက်ပျိုးထားရှိကြောင်းသိရသည်။
ပီလောပီနံသည် ရေမတင်သဲဆန်သည့်မြေများတွင် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ပြီး မြေပုံ၍စိုက်ပျိုးခြင်းနှင့် ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြကြောင်း၊ ပီလောပီနံကို မေလတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလကုန်တွင် စတင်တူးဖော်ရကြောင်း၊ တစ်ဧကလျှင် အပင်ရေ ၂၄၀၀ ခန့်စိုက်ပျိုးရကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပျှမ်းမျှပိဿာချိန် ၃၀၀၀ ခန့်ထွက်ရှိပြီး ပီလောပီနံထွက်ရှိချိန်တွင် ပီလောပီနံဥတစ်ပိဿာလျှင် ငွေကျပ် ၅၀၀-၆၀၀-၇၀၀ ဖြင့်ရောင်းချရကြောင်း၊ တစ်ဧကလျှင် ကျပ်၉သိန်းခန့်အမြတ်ရရှိပြီး ဈေးကွက်အနေဖြင့် ဟင်္သာတခရိုင်မှ ထွက်ရှိသော ပီလောပီနံများကို ဒေသတွင်းရောင်းချမှုအပြင် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)
ဟင်္သာတခရိုင်ရှိ မြို့နယ်များမှ ပီလောပီနံဈေးကွက်
Powered by Drupal