အထက်မင်းလှမြို့တွင် ကြက်သွန်နီဈေးနှုန်းများမြင့်တက်လျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်သွန်နီကို မကွေးမြို့၊ မင်းဘူးမြို့၊ သရက်မြို့နှင့် တောင်တွင်းကြီးမြို့တို့မှ မှာယူရောင်းချကြောင်းသိရသည်။

        ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ကြက်သွန်နီ(အလုံးကြီး)(၁)ပိဿာလျှင် ကျပ်(၃၈၀၀)၊ အလတ်(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ အသေး(၁)ပိဿာလျှင် ကျပ်(၃၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်(တတိယပတ်)နှင့်နှိုင်းယှဉ်လျှင် ကျပ်(၄၀၀ - ၅၀၀) ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ဒေသတွင်းကြက်သွန်နီစိုက်ခင်းများမှာ စိုက်ပျိုးဆဲဖြစ်ပြီး အခြားမြို့များမှမှာယူရောင်းချရ၍ သယ်ယူစရိတ်မြင့်မားခြင်းနှင့် ဝယ်ယူရာဒေသများရှိ ကုန်ပွဲရုံများ၌လည်း ကြက်သွန်နီကုန်လက်ကျန်လျော့နည်းလာခြင်းတို့ကြောင့် ဈေးနှုန်းမှာမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)