ပုထိုးစမ်းကျေးရွာ၌ မိုးပဲလွန်း စတင်ထွက်ပေါ်၍ဈေးကောင်းရလျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စုရှိ ပုထိုးစမ်းကျေးရွာတွင် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့်ပဲစဉ်းငုံသီးနှံများကို စိုက်ပျိုးကြပြီး ၂၀၂၄ခုနှစ်၊ အောက်တိုဘာ(ပထမပတ်)တွင် ပဲလွန်းစိုက်တောင်သူ(၅၀)ဦးမှ ဧက(၁၅၀၀)ဧကကို စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

          ပုထိုးစမ်းကျေးရွာနေ ပဲလွန်းစိုက်တောင်သူဦးလှမြင့်က ၎င်းအနေဖြင့် ပဲလွန်း(၁)ဧကခန့် စိုက်ပျိုးထားကြောင်း၊ မျိုးကိုယခင်နှစ်က မျိုးကောင်းမျိုးသန့်အဖြစ်ဖယ်ချန်ထားသော မိုးပဲလွန်းစေ့များကို ကြဲပက်စနစ်ဖြင့် ပြန်လည်စိုက်ပျိုးထားခြင်းဖြစ်ပြီး (၂)လခွဲခန့်အကြာတွင် ရိတ်သိမ်းရကြောင်း၊ (၁) ဧကလျှင် မျိုး(၈)ပြည်ခန့်ကုန်ကျပြီး ၎င်းအနေဖြင့် ပဲလွန်း(၁)ဧကခန့် စိုက်ပျိုးထားကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်နည်းတူ ယခုနှစ်တွင်လည်း မြေပြုခ၊ လုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၄၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က(၁) ဧကလျှင် (၁၂)တင်း ထွက်ရှိခဲ့သော်လည်း ယခုနှစ်တွင် (၁၃)တင်းမှ (၁၄)တင်းထိထွက်ရှိကြောင်း၊  ဈေးနှုန်းအနေဖြင့် ယခင်နှစ်က  (၁)တင်းလျှင် ကျပ်(၆၅၀၀၀)ဈေးရရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ်(၇၀၀၀၀)ဈေးရရှိ၍ တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)