ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် မိုးစပါး၊ နွေစပါး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်သော မြို့နယ်ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ မိုးစပါး၊ ကောက်စောစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။
ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနသည် ဇရပ်ကွင်းကျေးရွာအုပ်စု၊ ဆုမန်တောင်ကွင်းကျေးရွာမှ ၂၀၂၄ ခုနှစ်၊ မိုးစပါးကောက်စောရိတ်သိမ်းသည့် တောင်သူဦးမျိုးမြင့်၏ GW-11 စပါးရိတ်သိမ်းမှုအား ကွင်းဆင်းဆွေးနွေးဆောင်ရွက်ရာ တောင်သူအနေဖြင့်GW-11 စပါး (၃) ဧကစိုက်ပျိုးပြီး၊ စပါးစိုက်ပျိုးရန် ထယ်ခွဲ၊ မြေပြင်ချိန်မှစ၍ ပျိုးထောင်၊ ပျိုးနုတ်၊ ကောက်ရိတ်၊ မြက်ကောက်၊ ရိတ်သိမ်းခြင်းလုပ်ငန်းအပါအဝင်၊ မျိုးစပါးဘိုး၊ ဓာတ်မြေဩဇာဘိုးအပါအဝင် ရိတ်သိမ်းပြီးသည်အထိ တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် (၈၀၅၀၀၀) ကျပ်ခန့် ကုန်ကျပြီး စပါး (၁) ဧက စက်ကျအစိုတစ်တင်းပေါင် (၅၀) နှုန်းဖြင့် စပါးတင်းထွက်ရှိပြီး ပေါင် (၅၀) စပါး (၁) တင်း စက်ကျအစို (၁၅၃၀၀) ကျပ်ရောင်းရကြောင်း၊ လယ်တစ်ဧကအထွက်စပါး (၁၀၀) တင်း (၁၅၃၀၀၀၀) ကျပ်ရရှိသဖြင့် လယ်တစ်ဧက အကျိုးအမြတ် (၇၂၅၀၀၀) ကျပ်ရရှိကြောင်း မြို့နယ်အတွင်းရှိ ဆန်စက်များမှဝယ်ယူကြောင်း တောင်သူထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)