ဒေသထွက်ကုန် လေးမျက်နှာ ငါးချဉ်

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၏ ဒေသထွက်ကုန်ဖြစ်သော ငါးချဉ်လုပ်ငန်းအား ကွမ်းခြံကုန်းကျေးရွာရှိဒေသခံများက တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိပါသည်။ မြန်မာလူမျိုးများးသည် မိမိတို့စားသုံးသည့်ထမင်းဟင်းလျာများတွင် ရာသီစာအဖြစ် ငါးချဉ်ကိုနှစ်သက်စွာ စားသုံးကြပါသည်။လေးမျက်နှာငါးချဉ်သည် ဒေသအတွင်းစားသုံးမှုနှင့် မိမိတို့ ကိုယ်တိုင်စားသုံးရန်အတွက်သာ အဓိကထားထုတ်လုပ်ကြောင်း သိရှိရပါသည်။

            လေးမျက်နှာငါးချဉ်ကို အဓိကငါးအဖြစ် ငါးခုံးမတစ်မျိုးထဲကိုသာ အသုံးပြုကြပါသည်။ ကုန်ကြမ်းအဖြစ်အသုံးပြုသော ငါးခုံးမကို မိုးရာသီကာလတွင် ဒေသရှိ မြစ်၊ ချောင်း၊ အင်းအိုင်များမှဖမ်းယူရရှိပြီး ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ကြောင်း သိရပါသည်။ ငါးချဉ်ပြုလုပ်ရာတွင် ငါးကိုရေစင်အောင်ဆေးကြောပြီး ထမင်းဖြူကိုအအေးခံကာ ဆားကိုလိုသလောက်ထည့်၍ ဆုံဖြင့်ထောင်းရကြောင်း၊ ငါးချဉ်ထုတ်ပိုးရာတွင် ဒေသထွက်ကိုင်းရွက်ကိုသာ အသုံးပြုကြပါသည်။ ငါးချဉ်ထုတ်လုပ်သည့် လုပ်ငန်းငယ်တစ်ခုတွင် ငါးတစ်ပိဿာ၊ ထမင်းဖြူ၊ ဆားနှင့် ကိုင်းရွက်ကိုအသုံးပြုကာ ငါးချဉ်အဖြစ်ထုတ်လုပ်ရာတွင် ကုန်ကျစရိတ် ၇၀၀၀/- ကျပ် ဝန်းကျင်ခန့်သာကုန်ကျပြီး ငါးချဉ် ၁၀ သားပါ ၁၂ ထုပ် ထွက်ရှိကာ ၁၀၀၀/- ကျပ်ဖြင့် ရောင်းချကြောင်း ကွမ်းခြံကုန်းရွာလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။ အကျိုးအမြတ်အနေဖြင့် ၁၂ ထုပ်ရောင်းချပြီးပါက (၅၀၀၀/-)ကျပ် အမြတ်ရရှိကြောင်း၊ လေးမျက်နှာငါးချဉ်သည် ဒေသအတွင်းအရောင်းအဝယ်ဖြစ်လျက်ရှိပြီး အခြား မြို့နယ်များမှလည်း ဒေသလက်ဆောင်အဖြစ်မှာယူကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)