ပေါင်းတင်းဝါး (ခေါ်) ကောက်ညှင်းကျည်တောက်သည် ဆောင်းရာသီ၏ ရာသီစာအဖြစ် လူအများစားသုံးသောမုန့်ဖြစ်ပါသည်။ ကောက်ညှင်းကျည်တောက်ကို အုန်းသီး(ငချိတ်)၊ငှက်ပျောနှင့် ပဲဟူ၍ အရသာ (၃)မျိုးဖြင့်ပြုလုပ်ပြီး တချို့က နှစ်ပတ်လည်ပြုလုပ်၍ ရောင်းချကြသော်လည်း ဆောင်းရာသီ၏ ရာသီစာကောက်ညှင်းကျည်တောက်ကို နှစ်စဉ် (၉)လပိုင်း လလယ်ပိုင်းမှစ၍ (၄)လပိုင်းထိသာ ပြုလုပ်၍ ရောင်းချကြပါသည်။
ရွှေဘိုမြို့တွင် ကောက်ညှင်းကျည်တောက် ပြုလုပ်ရောင်းချသည့်လုပ်ငန်းများပြားစွာရှိပြီး ဒေသတွင်းဝယ်ယူစားသုံးကြသည့်အပြင် အခြားမြို့နယ်များဖြစ်သော မုံရွာ၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနားမြို့များရှိ ကိုယ်စားလှယ်များက မှာယူရောင်းချကြကြောင်း ၊ အုန်းသီး(ငချိတ်) ကောက်ညှင်းကျည်တောက် တစ်ပိဿာလျင် (၁၆၀၀၀)ကျပ်၊ ငှက်ပျောနှင့် ပဲကောက်ညှင်း ကျည်တောက် တစ်ပိဿာလျင်(၁၈၀၀၀)ကျပ်နှုန်းဖြင့် အရောင်းသွက်လျက်ရှိကြောင်း ရွှေဘိုမြို့တွင် ကောက်ညှင်းကျည်တောက် ပြုလုပ်ရောင်းချသည့်လုပ်ငန်းများမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)