အောက်တိုဘာလ လဆန်းပိုင်းမှစ၍ ရွှေဘိုမြို့တွင် ဆောင်းပုရစ်(ခေါ်)ဥပုရစ် ဈေးကွက်အတွင်း စတင်ဝင်ရောက်လာကာ ယခုအောက်တိုဘာလ စတုတ္ထပတ်တွင် ဆောင်းပုရစ် ဥပါ အထီးအမအရော အစိမ်းအကောင် (၁၀၀)လျှင် (၂၂၀၀၀)ကျပ် ပေါက်ဈေးရှိပြီး၊ ဆောင်းပုရစ်အစိမ်း အတောင်ဖြုတ်သန့်စင်ပြီး အကောင်(၁၀၀)လျှင် (၂၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ရွှေဘိုမြို့ စည်ပင်သာယာဈေးရှိ ဒေသထွက် စားသောက်ကုန် ရောင်းချသူတစ်ဦးထံမှ သိရသည်။
ဝင်ရောက်လာသော ဆောင်းပုရစ်များကို အခြားမြို့နယ်များဖြစ်သော မုံရွာ၊ မန္တလေး၊နေပြည်တော်၊ ရန်ကုန်မြို့များမှ အသင့်စား စားသောက်ကုန် ပြုလုပ်ရောင်းချသည့် လုပ်ငန်းရှင်များမှ ဝယ်ယူကြသည့်အပြင်၊ ရွှေဘိုမြို့ပေါ်ရှိ ဈေးကြီးများမှတစ်ဆင့် ပြန်လည်၍ ဖောက်သည်ဝယ်ယူရောင်းချကြသူများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။
DOCA(စစ်ကိုင်း)