ဘားအံမြို့ရှိ ဆောင်းရာသီ ကြံရည်ဈေးနှုန်း

Powered by Drupal

     ၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ် ဘာအံမြို့၏ ဈေးကွက်အတွင်း ဆောင်းရာသီကြံရည်ဈေးကွက်မှာလည်း ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ ကြံကို ဘားအံမြို့ အနီးတဝိုက် ကျေးရွာများတွင် တစ်နိုင်တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ဘားအံမြို့ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော ကြံများမှာ ဘားအံမြို့အနီးရှိကျေးရွာများနှင့် မော်လမြိုင်ဘက်တို့မှ ဖြစ်သည်။

   ဆောင်းတွင်းကာလဖြစ်သော်လည်း သဘာဝဖျော်ရည်တစ်ခုဖြစ်သည့် ကြံရည်ဆိုင်လေးများ တွေ့လာရသည်။ ကြံရည်ကို ရေခဲထည့်ပြီးသောက်လို့ ရသလို သံပုရာသီး၊ ဂျင်း၊ မြင်းခွာရွက်၊ ပူစီနံရွက်နှင့်အခြားအချိုရည်အချို့နဲ့လည်း ရောထည့်ပြီးသောက်ရင် အရသာရှိသလို ရင်အေးသွားစေတဲ့ သောက်စရာ သဘာဝအဟာရအချိုရည် တစ်မျိုးဖြစ်ပါသည်။ အခြား သောက်စရာတွေနဲ့ မတူဘဲ သကြားစစ်စစ်ကနေရတဲ့ အချိုရည်ဖြစ်တာကြောင့် ခန္ဓာကိုယ် ရေဓာတ်ကိုလည်းဖြည့်ပေး နိုင်ပါသည်။

   ဆောင်းရာသီကာလတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် ကြံဈေးနှုန်းများမှာ ၁၀ချောင်းပါ တစ်စည်းဈေးနှုန်း (၁၅၀၀၀)ကျပ်၊ ကြံရည်တစ်ခွက်ဈေးနှုန်း (၁၅၀၀)ကျပ်နှုန်း တို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(ကရင်)