မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကမ်းရင်ကျေးရွာတွင် နှစ်စဉ် ဖရဲကို စိုက်ပျိုးလျက်ရှိပြီး မိုးရေသောက်စနစ်နှင့် မြေအောက်ရေသွင်းစနစ်ဟူ၍ စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် စိုက်ဧက (၁၀၀) ကျော် စိုက်ပျိုးထားကြောင်း သိရသည်။
မျိုးအနေဖြင့် ဖရဲ(855)မျိုးစေ့ တစ်ဧကလျှင် (၄)ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မြေကိုထယ်ရေးညီအောင်ပြုပြင်၍ ရေသွင်းစနစ်ဖြင့် တန်းကြား ၅ ပေ၊ ကျင်းကြား ၃ပေ ခြား၍ စိုက်ပျိုးကြောင်း၊ ဩဂုတ်လတွင် စိုက်ပျိုးပြီး အောက်တိုဘာလတွင် ခူးဆွတ်ရောင်းချရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၂၀၀၀၀၀ ကျော် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် အလုံးရေ ၁၅၀၀-၂၀၀၀ ထွက်ရှိပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၈၀၀၀၀၀ ခန့် ရရှိကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် လက်ကားဈေးနှုန်း ဖရဲသီးတစ်လုံးလျှင် ငွေကျပ် ၂၀၀၀-၂၅၀၀ ဖြင့် ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် မကွေး၊ မင်းဘူး၊ စကု၊ ရေနံချောင်း မြို့များအပြင် ရန်ကုန်မြို့သို့လည်း တင်ပို့ကြောင်း၊ ဖရဲသီးနှံပေါ်စအချိန်တွင် ဈေးကောင်းရ၍ အကျိုးအမြတ်များရရှိကြောင်း သိရသည်။
DOCA(မကွေး)