မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုး စုံကို အဓိကထားစိုက်ပျိုး၍ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပြီး မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ ရေနံချောင်း၊ ဆိပ်ဖြူနှင့် ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင် ကုန်စည်ဒိုင်များတွင် အရောင်းအဝယ်ဖြစ် ပေါ်နေသော တစ်ပိဿာဈေးနှုန်းများမှာ မကွေးကုန်စည်ဒိုင်တွင် နှမ်းဖြူ ကျပ် (၈၄၇၀)၊ နှမ်းနီ ကျပ် (၈၀၀၀)၊ နှမ်းနက်(စမုန်) ကျပ်(၁၄၆၇၀)၊ ကုလားပဲ(929) ကျပ်(၅၁၆၀)၊ ကုလားပဲ (ဟော်လန်) ကျပ်(၅၁၀၅)၊ ပဲကြီးဖြူ ကျပ်(၄၀၀၀)၊ ပဲတီစိမ်း ကျပ်(၄၀၅၀)၊ မတ်ပဲ ကျပ်(၆၂၅၀)၊ ပဲနောက် ကျပ်(၃၃၅၀)၊ စားတော်ပဲ ကျပ်(၇၃၀၀)၊ ပဲစဉ်းငုံ ကျပ်(၇၅၅၀)ဖြစ်ပြီး ယခင်တစ်ပတ်ထက် ယခုတစ်ပတ် တွင် နှမ်းဖြူ ကျပ်(၇၀)၊ ပဲနောက် ကျပ်(၁၅၀)၊ စားတော်ပဲ ကျပ်(၅၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။
တစ်ပတ်အတွင်း တန်ချိန်(၂၀၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန်မြို့သို့ ကုလားပဲအိတ်ရေ (၁၀၀၀)၊ မြေပဲအိတ်ရေ(၅၀၀၀)၊ မန္တလေးမြို့သို့ နှမ်း အိတ်ရေ (၅၀၀၀)၊ ပဲတီစိမ်း အိတ်ရေ(၂၀၀)၊ မြေပဲအိတ်ရေ(၁၀၀၀၀)၊ စုစုပေါင်းအိတ်ရေ(၂၁၂၀၀) တင်ပို့ခဲ့ကြောင်း သိရှိရသည်။
တောင်တွင်းကြီးကုန်စည်ဒိုင်တွင် နှမ်းနက်(စမုန်) ကျပ်(၁၄၀၀၀)၊ နှမ်းပြာ ကျပ်(၁၀၆၇၀)၊ နှမ်းဖြူ သန့် ကျပ်(၇၄၄၅)၊ နှမ်းနီ(၇၀၇၀)၊ ပဲကြီးဖြူ ကျပ်(၄၅၀၀)၊ ကုလားပဲ(ဝါသေး) ကျပ်(၄၂၅၀)၊ ကုလားပဲ(ဟော်လန်) ကျပ်(၅၀၀၀)၊ ပဲတီစိမ်း ကျပ်(၃၂၅၀)ဖြစ်ပြီး ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် နှမ်းပြာ ကျပ်(၂၁၅)၊ နှမ်းဖြူ ကျပ်(၈၀)၊ နှမ်းနီ ကျပ်(၁၅၅)ဈေးနှုန်းကျဆင်းခဲ့ပြီး ကုလားပဲ(ဝါသေး) ကျပ်(၅၀)၊ ကုလားပဲ(ဟော်လန်) ကျပ်(၁၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ တစ်ပတ်အတွင်း တန်ချိန် (၄၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။
အောင်လံကုန်စည်ဒိုင်တွင် သိပ္ပံနှမ်းနက်ကျပ်(၁၄၀၀၀)၊ နှမ်းနီကျပ်(၇၄၄၅)၊နှမ်းဖြူ ကျပ်(၇၃၃၅)၊ ကုလားပဲ (ဟော်လန်) ကျပ်(၅၀၀၀)၊ ကုလားပဲ(မြကြေး) ကျပ်(၅၅၀၀)၊ ပဲကြီး ကျပ်(၄၄၀၀)၊ မတ်ပဲ ကျပ်(၆၀၅၀)ဖြစ်ပြီး ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် သိပ္ပံနှမ်းနက် ကျပ်(၄၅၀)၊ ကုလားပဲ (ဟော်လန်) ကျပ်(၅၀)၊ မတ်ပဲ ကျပ်(၁၀၀)ဈေးနှုန်းကျဆင်းခဲ့ပြီး ကုလားပဲ (မြကြေး) ကျပ်(၁၅၀) ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ တစ်ပတ်အတွင်း တန်ချိန် (၂၀၇.၅)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းကုန်စည်ဒိုင်တွင် ကြက်သွန်နီ ကျပ်(၁၄၀၀-၂၅၀၀)၊ ယခင်တစ်ပတ်ထက် ယခုတစ်ပတ် တွင် ကျပ်(၁၀၀-၅၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး တစ်ပတ်အတွင်း တန်ချိန်(၉၇.၉၇)တန် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။
ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကြက်သွန်နီ ကျပ်(၁၈၀၀-၂၀၀၀)၊ ယခင်တစ်ပတ်ထက် ယခုတစ်ပတ် တွင် ကျပ်(၂၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီးတစ်ပတ်အတွင်းတန်ချိန်(၁၇၁.၄၅)တန် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရသည်။
ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်းနက်စမုန်(ရိုးရိုး) ကျပ်(၄၇၁၅)၊ နှမ်းဝါ ကျပ်(၂၂၀၀)၊ ပဲယင်း(နီ)ကျပ် (၃၆၇၅)၊ ပဲတီစိမ်း ကျပ်(၃၆၀၀)ဖြစ်ပြီး တစ်ပတ်အတွင်း တန်ချိန်(၂၅.၉)တန် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရသည်။
DOCA(မကွေး)