၂၉.၁၀.၂၀၂၄ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ရေထွက်ကုန်ပစ္စည်းများ၏ တစ်ပိဿာ ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ်မှာ ကျပ် ၁၆၀၀၀၀၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၁၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၈၀၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ် ၇၅၀၀၀၊ ဖျာပုံချိုသေးရှယ်ကျပ် ၅၀၀၀၀၊ ဖျာပုံချိုသေးရိုးရိုးကျပ် ၃၅၀၀၀၊ မြိတ်ပုဇွန်လတ် ကျပ် ၅၅၀၀၀၊ မြိတ်ပုဇွန်ရိုးရိုး ကျပ် ၆၅၀၀၀၊ ရေချိုငါးခြောက်များဖြစ်ကြသော ငါးကျီးကြပ်တိုက်ကြီး ကျပ် ၇၀၀၀၀၊ ငါးကျီးကြပ်တိုက်သေး ကျပ် ၆၀၀၀၀၊ ငါးမြွေထိုးကျပ် ၄၀၀၀၀၊ ငါးရံ့ခြောက်ကြီး ကျပ် ၆၀၀၀၀၊ ငါးရံ့ခြောက်လတ်ကျပ် ၅၅၀၀၀၊ ငါးရံ့လုံး ကျပ် ၄၅၀၀၀၊ ရေငံငါးခြောက်များဖြစ်ကြသော ကလိန် ကျပ် ၁၀၀၀၀၊ ငါးကွမ်းရှပ် ကျပ် ၄၀၀၀၀၊ ငါးတံခွန်မျှင်ကြီး ကျပ် ၁၂၀၀၀၊ ငါးတံခွန်လုံး ကျပ် ၆၀၀၀၊ ငါးနှပ်ချို ကျပ် ၁၂၀၀၀၊ ငါးရွှေသေး ကျပ် ၁၀၀၀၀၊ ငါးမီးတံသွယ် ကျပ် ၇၀၀၀ ဈေးတို့အသီးသီး ရှိကြကြောင်း ကုန်စည်ဒိုင်များထံမှ စုံစမ်းသိရှိရပါသည်။
DOCA(ရန်ကုန်)