ပြည်ဈေးကွက်တွင် ခရမ်းချဉ်သီးဈေးနှုန်းများမှာ ဈေးကောင်းရရှိကာ အရောင်းသွက်လျက်ရှိပါသည်။ ရှမ်းသီးနှင့်ကိုင်းသီးဟူ၍ (၂)မျိုးရှိရာ ယခုအချိန်တွင် ရှမ်းသီးများသာ ဈေးကွက်အတွင်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ရှမ်းသီးတစ်ပိဿာလျှင် (၈၀၀၀) ကျပ်ရှိပြီး ပြည်ခရိုင်တွင်း မြို့နယ်များသို့ လှည်းခြင်းများဖြင့် လာရောက်ရောင်းချကြပါသည်။ ခရမ်းချဉ်သီးသည် ဒေသမရွေး လွယ်ကူစွာစိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ခရမ်းချဉ်သီးသည် ဒေသမရွေး လွယ်ကူစွာစိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ခရမ်းချဉ်သီးသည် ခန္ဓာကိုယ်အတွက် များစွာအကျိုးရှိသော သီးနှံတစ်မျိုးဖြစ်ပါသည်။ ခရမ်းချဉ်သီးကို အခြားသီးနှံများနှင့်အတူ ရော၍ကြော်ပြီး စားသုံးကြသည့်အပြင် အကြော်စုံများနှင့်လည်းရော၍လည်းသုပ်စားကြပါသည်။ ခရမ်းချဉ်သီးတွင် ဗီတာမင်အေ၊ ဘီ၊ စီ၊ ကေတို့များစွာပါဝင်သောကြောင့် အဆီပြန်သည့်အသားအရည်ကို ထိန်းသိမ်းပေးပါသည်။ ခရမ်းချဉ်သီးတွင် လိုင်ကိုစင်းဓာတ်ပါဝင်သောကြောင့် ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် အစာအိမ်ကင်ဆာများကိုလည်းကာကွယ်ပေးနိုင်ကြောင်းပါသည်။
DOCA(ပဲခူး)
ပြည်ခရမ်းချဉ်သီးဈေးကွက်
Powered by Drupal