ပြည်မြို့၏ လက်လီပဲဈေးကွက်မှာ စားတော်ပဲသီးနှံဈေးကောင်းရနေ

Powered by Drupal

ပြည်ပဲမျိုးစုံဈေးကွက်မှာ နေ့စဉ် လက်လီသမားများဖြင့် အရောင်းအဝယ်ပုံမှန်ရှိနေသော ပဲသီးနှံမှာ စားတော်ပဲသီးနှံဖြစ်ပါသည်။ စားတော်ပဲသီးနှံသည် ပဲဈေးကွက်အတွင်း နှစ်စဉ်နီးပါးဈေးကောင်းဝင်သီးနှံအဖြစ်ရှိနေပြီး ယခုနှစ်တွင် ပြည်ပဝယ်လက်အဓိကဖြစ်သော မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ဈေးမြင့်တက်လာသည့်အတွက် အဆိုပါပဲများနှင့်အပြိုင် ဈေးကောင်းရလျက်ရှိခဲ့ပါသည်။ ယခင်နှစ်ကာလတူအချိန် စားတော်ပဲသီးနှံဈေးမှာ တစ်တင်းလျှင် ၁၃၅၀၀၀ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခုနှစ်အောက်တိုဘာလ လကုန်ပတ်တွင် ပိဿာ ၂၀ဝင်တစ်တင်းလျှင် ၁၃၃၀၀၀ကျပ်ရရှိခဲ့သည့်အတွက် ယခင်နှစ်ထက် ဈေးပိုရလာခြင်းမရှိသော်လည်း ဈေးကွက်အတွင်း ဈေးကောင်းဝင် သီးနှံထဲတွင် ပါဝင်လျက်ရှိသည်ကိုတွေ့ရပါသည်။
DOCA(ပဲခူး)