ပြည်ကုန်စည်ဒိုင်၏ အောက်တိုဘာလ ပဲမျိုးစုံဈေးနှုန်းဈေးကွက်

Powered by Drupal

ပြည်ကုန်စည်ဒိုင်သည် သွားရေးလာရေးအချက်အခြာကျသော ပြည်မြို့တွင်ရှိသောကြောင့် ပဲမျိုးစုံအရောင်းအဝယ်မှာ သွက်လျက်ရှိပါသည်။
မတ်ပဲ
ပြည်ကုန်စည်ဒိုင်၏ အောက်တိုဘာလ ပထမပတ်၌ မတ်ပဲတစ်တင်းလျှင် (၁၂၆၀၀၀-၁၂၆၅၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်၂၀၀ခန့်အဝယ်ရှိပါသည်။ အောက်တိုဘာလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းလျှင် ၁၂၂၅၀၀ကျပ်၊ တတိယပတ်တွင် မတ်ပဲတစ်တင်းလျှင် ၁၂၃၀၀၀ကျပ်ဖြင့် ရန်ကုန်သို့တင်ပို့မှုရှိခဲ့ပါသည်။ အောက်တိုဘာလ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းလျှင် ၁၂၃၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်၂၀၀ခန့်အဝယ်ရှိပါသည်။
ပဲစင်းငုံ
အောက်တိုဘာလ ပထမပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ၁၅၂၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ အောက်တိုဘာလ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ၁၅၂၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်၂၀၀ခန့်ရှိခဲ့ပါသည်။ အောက်တိုဘာလ တတိယပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ၁၅၂၀၀၀ကျပ်ဖြင့် ဈေးအေးနေပြီး ရန်ကုန်အဝယ်ရှိပါသည်။ အောက်တိုဘာလ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၅၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ကုလားပဲ
အောက်တိုဘာလ ပထမပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၁၀၂၀၀၀-၁၀၃၀၀၀ ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် ၁၁၃၅၀၀-၁၁၄၀၀၀ ကျပ်ဖြင့် မြို့တွင်းပဲခွဲစက်သမားနှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ်၃၀၀ခန့်အဝယ်ရှိပါသည်။ အောက်တိုဘာလ ဒုတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် ၁၀၁၀၀၀-၁၀၂၀၀၀ ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် ၁၁၃၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ အောက်တိုဘာလ တတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၁၀၂၅၀၀-၁၀၃၀၀၀ ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် ၁၁၃၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၃၀၀)ခန့်အဝယ်ရှိပါသည်။ အောက်တိုဘာလ စတုတ္ထပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် ၁၀၂၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် ၁၁၄၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၂၀၀) ခန့်အဝယ်ရှိပါသည်။
ပဲကြီး
အောက်တိုဘာလ ပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းလျှင် ၉၂၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းလျှင် ၈၇၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်၃၀၀ခန့်အဝယ်ရှိပါသည်။ အောက်တိုဘာလ ဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းလျှင် ၉၂၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းလျှင် ၈၇၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်နှင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ်၂၅၀ခန့်အဝယ်ရှိပါသည်။ အောက်တိုဘာလ တတိယပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းလျှင် ၉၂၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းလျှင် ၈၇၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ ပါသည်။ အောက်တိုဘာလ စတုတ္ထပတ်တွင် ပဲကြီးဈေးအေးနေပြီး (ရွှေကျွန်း)တစ်တင်းလျှင် ၂၀၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းလျှင် ၈၇၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိပါသည်။
ဘိုကိတ်ပဲ
အောက်တိုဘာလ ပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းလျှင် ၁၀၀၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၁၀၀/၁၅၀ ခန့်အဝယ်ရှိပါသည်။ အောက်တိုဘာလ ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းလျှင် ၁၀၀၀၀၀ကျပ်ဖြင့် ဈေးအေးနေပြီး ရန်ကုန်အဝယ် အိတ်၁၀၀ခန့်ရှိပါသည်။ အောက်တိုဘာလ တတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းလျှင် ၁၀၀၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၁၀၀/၁၅၀ ခန့်ရှိပါသည်။ စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းလျှင် ၁၀၀၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ်ရှိပါသည်။
ပဲတီစိမ်း
အောက်တိုဘာလ ပထမပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် ၅၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ် တစ်ခါတရံဖြစ်ပါသည်။ ဒုတိယအပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၅၀၀၀၀ကျပ်၊ တတိယအပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် ၅၀၀၀၀ကျပ်ဖြင့် ဈေးအေးနေပြီး အရောင်းအဝယ်မှာ တစ်ခါတရံသာဖြစ်ပါသည်။ အောက်တိုဘာလ စတုတ္ထပတ်တွင် ပဲတီစိမ်းသစ်မှာ ဝင်စပြုနေပြီး တစ်ရက်ကို အိတ် ၁၀၀/၂၀၀ ခန့်အဝင်ရှိပါသည်။ ပဲတီစိမ်းတစ်တင်းကို ၇၀၀၀၀ကျပ်ဖြင့် ဈေးစဖွင့်ပြီး တစ်ရက်ကို အိတ် ၁၀၀/၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ပါသည်။
ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများမှာ ရန်ကုန်တင်ပို့မှုရှိပြီး ကျန်ပဲများမှာ မြို့တွင်းနှင့် နယ်စုံအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)