ပြည်ခရိုင်မိုးစပါးများစတင်ထွက်ပေါ်

Powered by Drupal

      ပြည်ခရိုင်တွင် မိုးစပါးများစတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ပြည်ခရိုင်တွင် မိုးစပါးစုစုပေါင်းစိုက်ဧက (၂၂၆၄၉) ဧကရှိပါသည်။ ယခင်နှစ်မိုးစပါးပေါ်စအချိန်တွင် (၄၆)ပေါင်ပါ တင်း (၁၀၀)လျှင် (၁၆၅၀၀၀၀)ကျပ်ရှိခဲ့ပြီး ယခုနှစ် စပါးပေါ်စအချိန်တွင် (၁၅၅၀၀၀)ကျပ်ဈေးရှိပြီး အစို(၂၀%) ရှိပါသည်။ ယခင်နှစ်တွင် စပါးအထွက်နှုန်း (၈၉.၇၅)ရှိခဲ့ပြီး တောင်သူများ တစ်ဧကလျှင် ကုန်ကျစာရိတ် ကျပ်(၈၀၀၀၀၀)‌ကျော်ကုန်ကျပါသည်။ ယခင်နှစ်စပါးဈေးမှာ တင်း(၁၀၀)လျှင် (၁၆၅၀၀၀၀)ကျပ်ရှိသည့်အတွက် တစ်ဧကလျှင် ကျပ်(၁၄၀၀၀၀၀)သိန်းကျော်ဝင်ငွေရရှိသည့်အတွက် တစ်ဧကလျှင် (၆၀၀၀၀၀)‌ ကျပ်အကျိုးအမြတ်ရရှိပါသည်။ အရောင်းအဝယ်အနေဖြင့် စတင်ထွက်ပေါ်ချိန်ဖြစ်သည့်အတွက် အနည်းငယ်သာရှိနေပါသည်။ ပြည်ခရိုင်မှ အခြားတိုင်းသို့ ဆန်တင်ပို့မှုအနေဖြင့် တစ်ပတ်လျှင် အိတ် (၁၇၀၀)တင်ပို့ရောင်းချမှုရှိပြီး မကွေးတိုင်းသို့ တစ်ပတ်လျှင် အိတ်ရေ (၄၀၀၀)ခန့်တင်ပို့ရောင်းချလျက်ရှိပါသည်။ ဆန်ဈေးနှုန်းအနေဖြင့် ပျမ်းမျှ (၇၂၀၀၀-၇၅၀၀၀)ကျပ်ဈေးဖြင့် တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)