စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်ပြီး၊ ဦးမျိုးဝင်း(စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် (၂၅.၄.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၁:၃၀)နာရီထိ မကွေးမြို့၊ ကံသာစျေးနှင့် သာလှ (စတိုးဆိုင်)များ၌ ရောင်းချနေသော Paris ဆပ်ပြာခဲများအား ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသော အလေးချိန်နှင့်ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆပ်ပြာခဲများ၌ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့် အလေးချိန်များထက်လျော့နည်းနေကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ဖြန့်ဖြူးသူများအနေဖြင့် အလေးချိန်ဖော်ပြချက်နှင့်ကိုက်ညီခြင်းမရှိသည့် ဆပ်ပြာခဲများအား ရောင်းချဖြန့်ဖြူးခြင်းမပြုရန်၊ မိမိတို့ ဝယ်ယူခဲ့သည့် ကုမ္ပဏီသို့ ပြန်လည်အသိပေး၍ အလေးချိန်ဖော်ပြချက်နှင့် ကိုက်ညီသည့် ပစ္စည်များ ကိုသာ လဲလည်ရောင်းချသွားရန်နှင့် လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ကုန်စည်ရောင်းချရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ(၂၁)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သော “ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များ နှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စီးပွားရေး ကျင့်ဝတ်စည်းကမ်း နှင့်အညီဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း” စသည်တို့ကိုလိုက်နာဆောင်ရွက် ရမည်ဖြစ်ပြီး စီးပွားရေး ကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပုဒ်မ(၅၂)အရ စီမံခန့်ခွဲရေး ဆိုင်ရာနည်းလမ်းများဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကုန်စည်ဖြန့်ဖြူးရောင်းချသူများအနေဖြင့်လည်း မိမိတို့ဆိုင် တင်ရောင်းချသည့် ကုန်စည်များကို မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရုံသာမက အလေးချိန်နှင့် အရေအတွက်ပြည့်မီရေးကိုလည်း တာဝန်ခံရမည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(မကွေး)