ဖြူးမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

                  စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ပြန်ကြား ရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန မြိုန့ယ်ဦးစီးမှူး ဒေါ်အိမာဟိန်းတို့သည် ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ဖြူးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို Talk Show အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ပါသည်။

                  ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက စားသုံးသူကာကွယ်ရေးဥပဒေပါ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များ၊ စစ်ဆေး ရေးအရာရှိများ၏ လုပ်ငန်းတာဝန်များ၊ ကော်မတီဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ မြို့နယ်တာဝန်ခံဒေါ်သန္တာစိုးက ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)