အုတ်တွင်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခန်းမတွင် Talk Show အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ပါသည်။

              ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါအေးအေးခိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းနှင့် ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မာတို့သည် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ စစ်ဆေးရေးမှူးများခန့်အပ်၍ ဈေးကွက်လေ့ လာစောင့်ကြည့်ခြင်း ဆောင်ရွက်မှုများ၊ စားသုံးသူအငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရေး ကော်မတီဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)