ပန်းတနော်မြို့နယ်တွင် မွေးမြူထုတ်လုပ်သော အသားတိုးဝက်မွေးမြူထုတ်လုပ်မှုနှင့် ဈေးကွက်ရရှိမှု

Powered by Drupal

               ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ ဥတိုကျေးရွာတွင် အသားတိုးဝက်မွေးမြူရေးလုပ်ငန်းကို အလုံပိတ်လေအေးပေးစနစ်ဖြင့် မွေးမြူလျက်ရှိကြောင်းသိရသည်။ အသားတိုးဝက်မွေးမြူရေးလုပ်ငန်း မှ ၂၀၂၃ခုနှစ် ထုတ်လုပ်တင်ပို့နိုင်မှု (၁၂)ခြံမှ ဝက်အကောင်ရေ ၇၈၀၀ ကောင်ရေမွေးမြူနိုင်ပြီး ပိသာချိန် (၅၂၆၅၀၇) တင်ပို့နိုင်ကြောင်း သိရသည်။

               အသားတိုးဝက်မွေးမြူထုတ်လုပ်တင်ပို့မှုအနေဖြင့် တစ်လကို ပိဿာချိန် ၇သောင်း ၂ထောင်တင်ပို့နိုင်ကြောင်း၊ ယနေ့ စက်ရုံမှမွေးမြူသောဝက်၁ပိဿာကို ၂၀၀၀၀ကျပ်ဖြင့် ရောင်းချတင်ပို့ရကြောင်း၊ (၁.၁.၂၀၂၅) တွင် တစ်ရက်ကို ပေါင် ၇၀လောက်ထွက်ရှိနိုင်မည်ဖြစ်ပြီး တစ်လ ၁၂တန်ကျော် တင်ပို့မည်ဖြစ်ကြောင်းရှင်းပြသည်။  ၂၆.၄.၂၀၂၄ နေ့က ထုပ်လုပ်တင်ပို့မှု ပိဿာချိန် ၃၁၃,၈၂၀ ထုပ်လုပ်ရောင်းချနိုင်ခဲ့ပြီး၊ ၁၉.၁၀.၂၀၂၄ ရက်နေ့က ထုတ်လုပ်နိုင်မှု ပိဿာချိန် ၂၉၆,၀၅၃ ရှိကြောင်းသိရသည်။ ၂၀၂၂ခုနှစ်မှ ယနေ့အထိ ပဥ္စမအကြိမ်တင်ပို့ရောင်းချနိုင်ကြောင်း၊ ၁၇.၆.၂၀၂၄ ရက်နေ့က ဝက်ခြံ ၁၂ခြံတွင် ဝက်အကောင်ရေ ၇၈၀၀ မွေးမြူထားရှိမှုအေပေါ်  ဆဌမအကြိမ် ထုတ်လုပ်နိုင်မှု ခန့်မှန်း ပိဿာချိန် ၄၈၀,၀၀၀(ခန့်မှန်း)ထွက်ရှိနိုင်ကြောင်း ပိုမိုတိုးချဲ့မွေးမြူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

             တင်ပို့သည့်ဈေးကွက်အနေဖြင့် ရန်ကုန်မြို့ရှိ ကုန်တိုက်ကြီးများ၊ City Mark၊ ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်ကြီးများသို့ တင်ပို့ရောင်းချကြောင်းသိရသည်။ ကျေးလက်နေပြည်သူများသည် လယ်ယာလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိကြပြီး တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်  ဝက်မွေးမြူခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိကာ အပိုဝင်ငွေများရရှိ၍ ဒေသတွင်း မိသားစုစားဝတ်နေရေးအဆင်ပြေကြသလို ၎င်းတိရိစ္ဆာန်တို့၏ချေးများကိုလည်း စနစ်တကျစွန့်ပစ်ကာ အဖိုးတန်သောသဘာဝမြေဩဇာများအဖြစ် လယ်၊ ယာ၊ ကိုင်းကျွန်းများတွင် အသုံးပြုလျက်ရှိကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)